ပြည်တွင်း ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ်သွက်လာ

Summary : နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာဖြင့်ရောင်းဝယ်ခွင့် ပြန်လည် သတ်မှတ်ခြင်းကြောင့် ပြည်တွင်း ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ် သွက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။

နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာဖြင့် ရောင်းဝယ်ခွင့် ပြန်လည်သတ်မှတ်ချက်ကြောင့် ပြည်တွင်း ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ်သွက်လာ

ပြည်တွင်း ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ်သွက်လာ

နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာဖြင့်ရောင်းဝယ်ခွင့် ပြန်လည် သတ်မှတ်ခြင်းကြောင့် ပြည်တွင်း ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ် သွက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။

နယ်စပ်ကုန်သွယ်မှုတွင် ယွမ်-ဘတ်တိုက်ရိုက်ရောင်းဝယ်မှုမှ ဒေါ်လာဖြင့် ပြန်လည် ရောင်းချရန် သတ်မှတ်ချက်ကြောင့် ပြည်တွင်းပဲဈေးကွက်တွင် အရောင်းအဝယ် သွက်လာခဲ့ကြောင်း၊ စားဆီဈေး မြင့်တက်လာခြင်းကြောင့် မြေပဲဆံဈေးမှာ စံချိန်တင်ဈေး ဖြစ်လာကြောင်း၊ တရုတ်ဝယ်လက် အဝယ်ကောင်းလာသဖြင့် ပဲတီစိမ်း အညာတစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀ ခန့် ဈေးတက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“စားဆီဈေးတွေမြင့်တက်လာတော့ မြေပဲဆံဈေးက ပြန်မြင့်တက်လာတာ စံချိန်တင်ဈေးပဲ။ တစ်ပိဿာငွေကျပ် ၄၆၀၀၊ ၄၇၀၀  ကျော်ထိဖြစ်လာတယ်။ ပဲတီစိမ်း အညာဈေးက တရုတ်အဝယ်ကောင်းလာတော့ တစ်အိတ်ငွေကျပ် ၁၅၂၀၀၀၊ ၁၅၃၀၀၀ပေါက်ဈေး ဖြစ်လာပါတယ်။ မတ်ပဲဈေးကတော့ အတက်အကျမရှိ ဈေး ငြိမ်နေပါတယ်။ ပဲစင်းငုံဈေးလည်း ဈေးတက်လာပါတယ်။ အသစ်ပေါ် နှမ်းဈေးတွေလည်း ဈေးတက်နေပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းတွေကတော့ ဈေးတည်ငြိမ်နေပါတယ်။ နယ်စပ်ကုန်သွယ်မှုမှာ ဒေါ်လာနဲ့အရောင်းအဝယ် ပြုလုပ်ရမယ် ဆိုတာနဲ့ အရောင်းအဝယ်က ပိုသွက်လာတယ်”ဟု ၎င်းက ပြောသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/07/09/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%95%e1%80%b2%e1%81%8a%e1%80%94%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 8, 2022 10:04 下午
下一篇 7月 9, 2022 9:47 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....