မန္တလေးတွင် COVID-19ပေါ့စတစ်လူနာနှစ်ဦးထွက်ပြေး

Summary : ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများထဲမှ နှစ်ဦးတွင် ကိုဗစ်-၁၉ ပေါ့စတစ်တွေ့ရှိရာ မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ခဲ့ရာတွင် နှစ်ဦးစလုံးသည် ဆေးရုံကြီးမှ ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံးပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် ကိုဗစ်-၁၉ ပေါ့စတစ်လူနာနှစ်ဦး ထွက်ပြေး၊ နှစ်ဦးစလုံးပြန်တွေ့

မန္တလေးတွင် COVID-19ပေါ့စတစ်လူနာနှစ်ဦးထွက်ပြေး

ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများထဲမှ နှစ်ဦးတွင် ကိုဗစ်-၁၉ ပေါ့စတစ်တွေ့ရှိရာ မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ခဲ့ရာတွင် နှစ်ဦးစလုံးသည် ဆေးရုံကြီးမှ ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံးပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။

“လမ်းကြောင်း ၁၀ တာဝန်ရှိသူများမှ အကူအညီတောင်းခံမှုအရ ထိုင်းနိုင်ငံမှပြန်လာသော ကျား/မ နှစ်ဦးအား ဆေးစစ်ရာ P+ ထွက်ရှိခဲ့ပြီး နှစ်ဦးလုံး ထွက်ပြေးခဲ့ရာ ကျားတစ်ဦးအား ပြန်လည်တွေ့ရှိခဲ့ပြီး ဆေးရုံကြီးသို့ မဏိမေခလာ ရှာဖွေကယ်ဆယ်အသင်းမှ ပို့ဆောင် မ တစ်ဦးအား ယခုအချိန်အထိ မတွေ့ရှိသေးပါ” ဟု မန္တလေးမြို့မှ ပရဟိတမင်းခေါင် ရှာဖွေကယ်ကယ်ဆယ်ရေးအဖွဲ့ချုပ် လူမှုကွန်ရက်စာမျက်နှာမှ ဇူလိုင် ၁၀ ရက်နေ့ ညပိုင်းတွင် ဖော်ပြခဲ့သော်လည်း နှစ်ဦးစလုံးမှာ ပြန်လည်တွေ့ရှိပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင်လ၁၀ရက်နေ့ ညနေပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား covid19 ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ Covid19 P+ လူနာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး စုစုပေါင်းနှစ်ဦးရှာဖွေတွေ့ရှိသဖြင့် ၎င်းတို့အား မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ခဲ့ရာတွင် နှစ်ဦးစလုံးသည် ဆေးရုံကြီးမှ ထွက်ပြေး၍ မန္တလေးရှိ ဟိုတယ်တစ်ခုတွင် သီးသန့်နေထိုင်ရန် စီစဉ်ခဲ့သော်လည်း တာဝန်ရှိသူများမှ အချိန်မီသိရှိသဖြင့် ၎င်းတို့အား ဆေးရုံသို့ ပြန်လည် ခေါ်ယူနိုင်ခဲ့သည့်အပြင် ၎င်းတို့နှင့်ထိတွေ့သူများအားလည်း စုံစမ်းစစ်ဆေးဖော်ထုတ်ကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

ကိုခန့်
ဓာတ်ပုံ – ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

မန္တလေးတွင် COVID-19ပေါ့စတစ်လူနာနှစ်ဦးထွက်ပြေး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/07/11/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-covid-19%e1%80%95%e1%80%b1%e1%80%ab%e1%80%b7%e1%80%85%e1%80%90%e1%80%85%e1%80%ba%e1%80%9c%e1%80%b0/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 9, 2022 9:47 下午
下一篇 7月 11, 2022 10:03 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....