မိုင်တိုင်(၄၅/၂)အနီးတွင်ခရီးသည်တင်ယာဉ်တိမ်းမှောက်

Summary : ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၆နာရီခွဲအချိန်ခန့်က ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂)မိုင်အနီးတွင် ခရီးသည်တင်ယာဉ်(၁)စီး တံတား‌ဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကြောင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံက သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂)မိုင်အနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တံတား‌ဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

မိုင်တိုင်(၄၅/၂)အနီးတွင်ခရီးသည်တင်ယာဉ်တိမ်းမှောက်

ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၆နာရီခွဲအချိန်ခန့်က ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂)မိုင်အနီးတွင် ခရီးသည်တင်ယာဉ်(၁)စီး တံတား‌ဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကြောင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံက သိရသည်။

အဆိုပါယဉ်တိမ်းမှောက်မှုတွင် လူညပ်နေကြောင်း သတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်း၊ ဘောနီအမြန်လမ်းမီးသတ်စခန်း၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကြီးအရန်မီးသတ်စခန်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၇)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၁)ဦးအနက် ကျား(၂)ဦးနှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး၊ ကျား(၁)ဦး(သေဆုံး)တို့အား အမြန်လမ်းမကြီးအရေးပေါ်လူနာတင်ယာဉ်နှင့် ဘုရားကြီးအရန်လူနာတင်ယာဉ်တို့ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းချန်

မိုင်တိုင်(၄၅/၂)အနီးတွင်ခရီးသည်တင်ယာဉ်တိမ်းမှောက်မိုင်တိုင်(၄၅/၂)အနီးတွင်ခရီးသည်တင်ယာဉ်တိမ်းမှောက်

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/07/11/%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%81%84%e1%81%85-%e1%81%82%e1%80%a1%e1%80%94%e1%80%ae%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 11, 2022 10:02 下午
下一篇 7月 11, 2022 10:05 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....