မုံရွာထွက်ပဲကြာဆံ၇၀%ခန့်ရန်ကုန်စျေးကွက်သို့စီးဆင်း

Summary : မုံရွာမြို့နယ်ရှိ ကြာဆံစက်ရုံထွက် ပဲကြာဆံ ၇၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်စျေးကွက်သို့ စီးဆင်းနေကြောင်း ကြာဆံစက်ပိုင်တစ်ဦးထံမှသိရသည်။

မုံရွာမြို့နယ်ထွက် ပဲကြာဆံ ၇၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်စျေးကွက်သို့ စီးဆင်းလျက်ရှိ

မုံရွာထွက်ပဲကြာဆံ၇၀%ခန့်ရန်ကုန်စျေးကွက်သို့စီးဆင်း

မုံရွာမြို့နယ်ရှိ ကြာဆံစက်ရုံထွက် ပဲကြာဆံ ၇၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်စျေးကွက်သို့ စီးဆင်းနေကြောင်း ကြာဆံစက်ပိုင်တစ်ဦးထံမှသိရသည်။

“မုံရွာကနေ ပဲကြာဆံကို ရန်ကုန်-မန္တလေးစျေးကွက်ကို အများဆုံးပို့ရတယ်။ မုံရွာကထွက်တဲ့
ကြာဆံရဲ့ ၆၀ ရာခိုင်နှုန်းကျော် ရာခိုင်နှုန်း၇၀ ဟာ ရန်ကုန်သွားတာများတယ်။ နေ့စဥ်ပုံမှန်ထုတ်နေတယ်။ စက်ရုံအနေအထား၊ နေရာအကျယ်အဝန်းပေါ်မူတည်ပြီး နေလှမ်းကွက်ကျယ်ရင်ကျယ်သလို ကြာဆံထုတ်လို့ရတယ်။ နေလှမ်းကွင်းကျယ်သလောက် ပစ္စည်းနည်းတာများတာ ကွာသွားပါတယ်” ဟု ကြာဆံစက်ပိုင်တစ်ဦးကပြောသည်။

မုံရွာထွက်ပဲကြာဆံ၇၀%ခန့်ရန်ကုန်စျေးကွက်သို့စီးဆင်း

မြန်မာနိုင်ငံတွင် ပဲကြာဆံကို မုံရွာမြို့တစ်မြို့တည်းကသာ ထွက်ခြင်းဖြစ်ပြီး စားသုံးသူ၏ လိုအပ်ချက်အရ နေ့စဥ်ပုံမှန် စက်လည်ပတ်ထုတ်လုပ်နေကြကြောင်းသိရသည်။
“ပဲကြာဆံကလောလောဆယ် စားသုံးသူအနေအထားအရ အရောင်းအဝယ်ဖြစ်တာပေါ့။ တစ်ပိသာ ၄၆၀၀-၄၇၀၀ ဖြစ်နေတယ်။ စားသောက်ကုန်ဆိုတော့ ပုံမှန်စက်ရုံလည်ရပါတယ်” ဟု ကြာဆံစက်ပိုင်ကပြောသည်။

မုံရွာမြို့နယ်ကျေးရွာများတွင် ပဲကြာဆံစက်ရုံ ၂၄ လုံး၊ မုံရွာစက်မှုဇုန်တွင် ၈လုံး စုစုပေါင်းကြာဆံစက်ရုံ ၃၂ ရုံတွင် ရုံ ၂၀ ကျော် လည်နေကြောင်းသိရသည်။ ကြာဆံစက်ရုံတစ်ရုံက တစ်ရက်လျှင် ကြာဆံ ၅ ပိသာထုတ် ၁၄၀ခန့် ထုတ်လုပ်နိုင်ပြီး ကုန်ကြမ်းကို ယခင်ကကဲ့သို့ ပဲများမသုံးတော့ဘဲ ပဲကော်မှုန့်ကို ရန်ကုန်မှ မှာသုံးကြောင်းသိရသည်။

ကြာဆံစက်ရုံတစ်ရုံတွင် အလုပ်သမား အနည်းဆုံး၃၀ခန့်ရှိရာ အလုပ်သမား တစ်ဦးလျှင် ၄နာရီ၅နာရီတစ်ပိုင်းလုပ်သူကို ၄၀၀၀ ကျပ်ပေးရပြီး ၂ပိုင်းလုပ်သူကို ၈ထောင်ပေးရကြောင်း သိရသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/18/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%95%e1%80%b2%e1%80%80%e1%80%bc%e1%80%ac%e1%80%86%e1%80%b6%e1%81%87%e1%81%80%e1%80%81%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 11, 2022 10:05 下午
下一篇 7月 18, 2022 10:54 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....