တရုတ်ပို့ကုန်ပဲများ ဈေးကျဆင်းနေ

Summary : နယ်စပ်ကုန်သွယ်မှုနှင့် ပုံမှန်ကုန်သွယ်မှု အတွက် ဒေါ်လာငွေ သတ်မှတ်ချက်သည် အခြား ယွမ်၊ ဘတ် ငွေလဲနှုန်းထက် နှိမ့်ကျနေသဖြင့် ပို့ကုန် ပဲ၊နှမ်းဈေးကွက် ကျဆင်းကြောင်း ပဲ၊ နှမ်း ၊ပြောင်း ကုန်သည်များထံ က သိရသည်။

ပို့ကုန်ရငွေ ဒေါ်လာ ငွေလဲနှုန်းသတ်မှတ်ချက်ကြောင့် တရုတ်ပို့ကုန်ပဲများ ဈေးကျဆင်းနေ

တရုတ်ပို့ကုန်ပဲများ ဈေးကျဆင်းနေ

နယ်စပ်ကုန်သွယ်မှုနှင့် ပုံမှန်ကုန်သွယ်မှု အတွက် ဒေါ်လာငွေ သတ်မှတ်ချက်သည် အခြား ယွမ်၊ ဘတ် ငွေလဲနှုန်းထက် နှိမ့်ကျနေသဖြင့် ပို့ကုန် ပဲ၊နှမ်းဈေးကွက် ကျဆင်းကြောင်း ပဲ၊ နှမ်း ၊ပြောင်း ကုန်သည်များထံ က သိရသည်။

တရုတ်ပို့ကုန်ပဲများ ဈေးကျဆင်းနေပြီး နယ်စပ်ပို့ကုန်ဆိုင်ရာ မူဝါဒ အပြောင်းအလဲကြောင့် ကုန်သည်များ ဒေါ်လာလဲလှယ်ရာတွင် ငွေလဲနှုန်းသတ်မှတ်ချက် ၁၈၅၀ ကျပ်သည် အခြား ယွမ် ၊ဘတ် ဖြင့် လဲလှယ်ရာထက် နှိမ့်ကျနေခြင်းကြောင့် ပို့ကုန်သမားများ အရှုံးပေါ်ခြင်းကြောင့် ပဲနှမ်းဈေးကွက်မှာ ဈေးကျဆင်းမှုများနှင့်အတူ အရောင်းအဝယ် အေးသွားကြောင်း၊ ထို့အပြင် ပို့ကုန်လိုင်စင် ပြန်လည်လျှောက်ထားရမည့် အခြေအနေနှင့် ငွေလဲလှယ်နှုန်းကွာဟချက်က ကုန်သည်များအတွက် အဆင်မပြေဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“တရုတ်ပို့ကုန်ပဲတွေ တစ်အိတ် ကျပ် ၅၀၀၀-၁၀၀၀၀ ဈေးပြုတ်ကျတယ်။ ပို့ကုန်ဆိုင်ရာမူဝါဒ အပြောင်းအလဲ မြန်တာနဲ့ ၁၀၅မိုင်မှာ ပို့ကုန်ပဲကားတွေကို တားဆီးထားတယ်။ လိုင်စင်အသစ်လျှောက်ဖို့ လိုအပ်တယ်ပြောသည်။ ဒေါ်လာသတ်မှတ်နှုန်းအပေါ်ပြန်လဲရတာတွေက ကုန်သည်တွေအတွက် အဆင်မပြေဖြစ်နေတယ်။ မြေပဲဆန်ဈေးကတော့ တရုတ်လိုင်းဝယ်တဲ့ မြေပဲအနီဆန် တစ်ပိသာကျပ် ၅၀၀၀ ၊ အဖြူလုံးဆန် ၄၆၀၀-၄၈၀၀ ပေါက်ဈေးဖြစ်လာပါတယ်။ ဆီဆန်ကတော့ စားဆီတွေ ဈေးကွက်ထဲ များလာတော့ ဈေးကျလာပါတယ်။ ပို့ကုန်မတ်ပဲ ဈေးက ပြန်အေးသွားတော့  တစ်အိတ် ၁၆၁၀၀၀ လောက်ပဲရှိတော့တယ်။ ရန်ကုန်ဈေးကွက်မှာ ဒေါ်လာပေါက်ဈေးနဲ့ တွက်ခြေကိုက်မှု မရှိဘူးလို့ကြားတယ်။ ပဲမာလိုင်းတွေကတော့ ဈေးဆင်းမှုမရှိပေမယ့် အရောင်းအဝယ်အေးသွားပါတယ်။ ပဲနှမ်းဈေးကွက်မှာ နိုင်ငံတော်က ကုန်သွယ်ရေးမှာ ပို့ကုန်မှုဝါဒ မှာ ဒေါ်လာသတ်မှတ်ဈေးနဲ့ ပြုလုပ်တာက ပို့ကုန်သမားတွေ အဆင်မပြေဘူးဖြစ်နေတယ်။ ဒီလိုနဲ့ ပဲ၊နှမ်းပေါက်ဈေးက အောက်ကိုဆွဲချသွားတယ်” ဟု ၎င်းက ပြောသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/18/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%b2%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%88%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 18, 2022 10:54 下午
下一篇 7月 20, 2022 8:41 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....