ယခုနှစ်ရှမ်းပြည်နယ်ပြောင်းစိုက်ခင်းများပျက်စီးနေ

Summary : ယခုနှစ် ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ခင်းများ ပျက်စီးမှုရှိနေပြီး စိုက်ပျိုးမှုလျော့ကျနေခြင်းကြောင့် လာမည့် ပြောင်းရိတ်သိမ်းချိန်တွင် ပြောင်းဈေး တစ်ပိသာကျပ် ၉၀၀ ထက်မလျော့နိုင်ကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူများအသင်း က သိရသည်။

ယခုနှစ် ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ခင်းများ ပျက်စီးမှု ရှိနေ

ယခုနှစ်ရှမ်းပြည်နယ်ပြောင်းစိုက်ခင်းများပျက်စီးနေ

ယခုနှစ် ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ခင်းများ ပျက်စီးမှုရှိနေပြီး စိုက်ပျိုးမှုလျော့ကျနေခြင်းကြောင့် လာမည့် ပြောင်းရိတ်သိမ်းချိန်တွင် ပြောင်းဈေး တစ်ပိသာကျပ် ၉၀၀ ထက်မလျော့နိုင်ကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူများအသင်း က သိရသည်။

ယခုနှစ် ရှမ်းပြည်နယ်တွင် ပြောင်းစတင်စိုက်ပျိုးချိန် မိုးရွာသွန်းခဲ့သော်လည်း နောက်ပိုင်း မိုးခေါင်ခဲ့ခြင်းကြောင့် စိုက်ခင်းများပျက်စီးမှုရှိခဲ့သည်။ ထို့ပြင်မိုးရွာချိန်တွင်လည်း ရေလွမ်းကာ ပျက်စီးမှုများ ထပ်မံဖြစ်ပွားခဲ့သဖြင့် ပြောင်းအထွက်ကျဆင်းနိုင်ကြောင်းသိရသည်။ ထို့အတူ မျိုးသွင်းအားစုနှင့် စက်သုံးဆီများ ဈေးကြီးမြင့်မှုကြောင့် ယခင်စိုက်ပျိုးနိုင်သည်ထက် ၁၀ ရာခိုင်နှုန်းခန့် လျော့ကျစိုက်ပျိုးထားသဖြင့် ပြောင်းပေါ်ချိန်တွင် ပြောင်းဈေးကောင်းနိုင်ကြောင်း၊ ပြောင်းဈေးတစ်ပိသာ ကျပ် ၉၀၀ ထက်လျော့စရာမရှိကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးတိုးတက်နိုင် ကပြောသည်။

“ဒီနှစ်ပြောင်းစိုက်ရာသီမှာ မုတ်သုန်မိုးက အစောဝင်ရောက်လာပါတယ်။ ပထမ ပြောင်းစိုက်ပြီး တစ်လ ရက် ၂၀ သားလောက်မှာ မိုးရွာရမယ့်အချိန်မရွာဘဲ မိုးခေါင်ခဲ့လို့ စိုက်ခင်းပျက်ပါတယ်။ နောက်ရွာပြန်တော့လည်း မိုးသည်းထန်ခဲ့တော့ ရေလွမ်းပြီး ပျက်စီးဆုံးရှုံးမှုရှိလာတယ်။ ဒီနှစ်အခြေအနေက  မျိုးဈေးကြီးတာ သွင်းအားစုဈေးမြင့်လို့ ဧက ၁၀၀ မှာ ၉၀ လောက်ပဲစိုက်ကြတယ်။ ၁၀ ရာခိုင်နှုန်းလောက် စိုက်ပျိုးမှု လျော့ကျတယ်။ ရာသီဥတုကြောင့်က နှစ်တိုင်းတော့ ဖြစ်တက်ပါတယ်။ ဒီနှစ် ရှမ်းပြည်နယ်မှာ စိုက်ဧက လျော့တာကတော့ မျိုးသွင်းအားစု ဈေးမြင့်လို့ အပြည့်အဝ မစိုက်နိုင်တာများပါတယ်။ ဒါကြောင့် ပြောင်းထွက်ချိန် အထွက်နှုန်းလျော့ပြီးပြောင်းရှားပြီး တစ်ပိသာ ကျပ် ၉၀၀ ကြမ်းခင်းဈေး ထက် မလျော့နိုင်ပါဘူး ” ဟု၎င်းကပြောသည်။

ပြောင်းစိုက်ပျိုးမှု ရာသီအစတွင် ပြောင်းမျိုးဈေးကြီးမြင့်မှုအပြင် သွင်းအားစု၊ စက်သုံးဆီ ဈေးကြီးမြင့်ခြင်းကြောင့်လည်း တစ်ဧကပြောင်း စိုက်ပျိုုးစရိတ် ယခင်ထက်သုံးဆခန့်ပိုမိုကုန်ကျခဲ့ကြောင်း၊ တောင်သူများ စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်းကြောင်း စိုက်ဧကလျော့ကျခဲ့ကြောင်း၊ လက်ရှိတွင် ပြောင်းကြိုရောင်းစနစ် ပေါက်ဈေးမှာ တစ်ပိသာကျပ် ၇၀၀ ခန့်သာ ရှိသဖြင့် တောင်သူများ တွက်ခြေမကိုက်ကြောင်း ဧရာဝတီမျိုးစေ့ အရောင်းတာဝန်ခံ ဦးအာကာကျော် ထံကသိရသည်။

မြန်မာနိုင်ငံကပြောင်းကို လာမည့် ပြောင်းရာသီတွင် တရုတ်နိုင်ငံက GACC လက်မှတ်ရ ကုမ္ပဏီများမှ တဆင့်ဝယ်ယူရန်ရှိနေပြီး ပြောင်းကို မြဝတီနယ်စပ်၊ ပုံမှန်ကုန်သွယ်မှု သင်္ဘောလိုင်းများမှ တင်ပို့နေခြင်းဖြစ်ရာ လာမည့်ပြောင်းရာသီတွင် ပြောင်းတင်ပို့မှု ပိုမိုနိုင်သော်လည်း ကုန်သွယ်မှု မူဝါဒ အပြောင်းအလဲများကြောင့် လတ်တလော ပြောင်းအရောင်းအဝယ် ရပ်ဆိုင်းနေကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/20/%e1%80%9a%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%95%e1%80%bc%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 20, 2022 8:45 下午
下一篇 7月 22, 2022 9:17 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....