မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်

Summary : ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် တရုတ်နယ်စပ်ဂိတ်ပိတ်မည်ဟူသော သတင်းမှာ လူမှုကွန်ရက်တွင် ပြန့်လာခဲ့သော်လည်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်လည်ပတ်လျက်ရှိကြောင်း ကုန်သည်များထံက သိရသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်လျက်ရှိ

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် တရုတ်နယ်စပ်ဂိတ်ပိတ်မည်ဟူသော သတင်းမှာ လူမှုကွန်ရက်တွင် ပြန့်လာခဲ့သော်လည်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်လည်ပတ်လျက်ရှိကြောင်း ကုန်သည်များထံက သိရသည်။

လူမှုကွန်ရက်ပေါ်တွင်ထွက်ပေါ်လာသည့်သတင်းမှားနှင့်ပတ်သက်ပြီး “Facebook တွင် ထွက်ပေါ်နေသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ယနေ့မှစတင် ပိတ်လိုက်ပီဆိုသော သတင်းမှာ ကောလဟာလ သတင်းမှားသာ ဖြစ်ပါကြောင်းနှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ တရုတ်ပြည်သို့တင်သွင်းမည့် မြန်မာကုန်ပစ္စည်းများအား ပိုးသတ် စစ်ဆေးခြင်းကို ယနေ့မှစတင် ဖြေလျော့ပေးခဲ့ကြောင်း သတင်းပါးအပ်ပါသည်။” ဟု တရုတ်နိုင်ငံ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၏ ဖေ့ဘုတ်တွင် ယခုကဲ့သို့ သတင်းစကားပါးထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါ သတင်းများထွက်ပေါ်လာခြင်းသည် တရုတ်နိုင်ငံတွင် ပိတ်မိနေသည့် ကုန်ကားများအား ပြန်လည်ထုတ်ယူခွင့်ပြုနေသည်ကို ရပ်နားမည်ဆိုသည့် သတင်းဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ခြင်း မဟုတ်ကြောင်းကိုလည်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောကြားထားသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်က ဂျယ်ဂေါင်နှင့် ဝမ်တိန်ရှိ ဂိုဒေါင်များတွင်တွင် ပိတ်မိနေသည့် ကုန်ကားအစီး ၆၀၀စာ ကုန်ပစ္စည်းများကို မေလ ၂၃ ရက်နေ့တွင် စတင်ပြီး ကျင်စန်းကျော့ဂိတ်မှလည်းကောင်း၊ လွယ်ဂျယ်တွင် ပိတ်မိနေသည့် ကုန်ပစ္စည်းကို လွယ်ဂျယ်ဂိတ်မှလည်းကောင်း၊ ချင်းရွှေဟော်တွင် ပိတ်မိနေသည့် ကုန်ပစ္စည်းများကို ချင်းရွှေဟော်ဂိတ်မှလည်းကောင်း ထွက်ခွင့်ပြုနေရာမှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုစိုင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/20/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 20, 2022 8:43 下午
下一篇 7月 20, 2022 8:45 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....