ရန်ကုန်တွင်၁၆၃၆.၃သိန်းတန်ဖိုးရှိမူးယစ်ဆေးဝါးဖမ်းမိ

Summary : ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်က ငွေကျပ် ၁၆၃၆.၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန် စမ်းချောင်းမြို့နယ်တွင် ငွေကျပ် ၁၆၃၆.၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရန်ကုန်တွင်၁၆၃၆.၃သိန်းတန်ဖိုးရှိမူးယစ်ဆေးဝါးဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်က ငွေကျပ် ၁၆၃၆.၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက် ည ၆နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်တွင် လမ်းလျှောက်လာသူ မင်းသူရိန်(ခ) ဘေကြီး အားစစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်ထားသော လက်ဆွဲအိတ်အတွင်းမှ အက်တက်စီဆေးပြား ၁၀၀ ပြား၊ ကက်တမင်းအလေးချိန် ၅ ဂရမ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ ည ၈နာရီခွဲတွင် ၎င်းနေထိုင်သည့် အဆိုပါရပ်ကွက်၊ စမ်းချောင်းလမ်းရှိနေအိမ်အတွင်းမှ အက်တက်စီဆေးပြား ၂၇၃၉ ပြား၊ ကတ်တမင်းအလေးချိန် ၂၅၀ ဂရမ်၊ စုစုပေါင်းအက်တက်စီဆေးပြား ၂၈၃၉ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၃၅.၆ သိန်း)၊ စုစုပေါင်းကက်တမင်းအလေးချိန် ၂၅၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၇.၅ သိန်း)နှင့် ဆေးခြောက်အလေးချိန် ၃၇.၃၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၇၃.၂ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုကြောင့် မင်းသူရိန်(ခ)ဘေကြီး(၃၁)နှစ်အား စမ်းချောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ရှမ်းချန်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/20/%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%81%81%e1%81%86%e1%81%83%e1%81%86-%e1%81%83%e1%80%9e%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 20, 2022 8:42 下午
下一篇 7月 20, 2022 8:45 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....