Chinaသို့ပြောင်းတင်ပို့ခြင်းကုန်ပို့စရိတ်လျှော့နိုင်

Summary : တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီများသည် နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြောင်းဖူးတင်ပို့နိုင်ပြီး ထိုသို့ပို့ဆောင်ခြင်းဖြင့် ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်လျှော့ချနိုင်ပြီး မြန်မာနိုင်ငံတောင်သူများ ဝင်ငွေတိုးပွားလာစေမည်ဖြစ်ကြောင်း သိရသည်။

GACC တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီများ နယ်စပ်မှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ခြင်းဖြင့် ကုန်ပို့စရိတ်လျှော့ချနိုင်

Chinaသို့ပြောင်းတင်ပို့ခြင်းကုန်ပို့စရိတ်လျှော့နိုင်

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီများသည် နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြောင်းဖူးတင်ပို့နိုင်ပြီး ထိုသို့ပို့ဆောင်ခြင်းဖြင့် ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်လျှော့ချနိုင်ပြီး မြန်မာနိုင်ငံတောင်သူများ ဝင်ငွေတိုးပွားလာစေမည်ဖြစ်ကြောင်း သိရသည်။

Chinaသို့ပြောင်းတင်ပို့ခြင်းကုန်ပို့စရိတ်လျှော့နိုင်

တရုတ်နိုင်ငံသည် Industry chain တည်ငြိမ်ရေးအား တက်တက်ကြွကြွမြှင့်တင်လျက်ရှိပြီး အရေးကြီး Industry chain supply chain လုပ်ငန်းများ၏ အာမခံလုပ်ငန်းအား ကောင်းမွန်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာတင်သွင်းမှု အဆင်ပြေချောမွေ့ရေးနှင့် အရင်းအမြစ်အမျိုးစုံလင်မှုတို့အား ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ ပြောင်း၊ မာလဝီနိုင်ငံ ပဲပိစပ်၊ ဘရာဇီးနိုင်ငံ ပြောင်းဖူးနှင့်မြေပဲစသည်တို့အား တရုတ်နိုင်ငံသို့တင်သွင်းရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီးစီးခဲ့ပြီး RCEP အဖွဲ့ဝင်နိုင်ငံများ၏ အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့မှုအား ဖော်ဆောင်ခဲ့သည် ဟု ဇူလိုင်လ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) ပြောဆိုခွင့်ရပုဂ္ဂိုလ် Mr. Li Kuiwen က ပြောကြားခဲ့သည်။

မကြာမီရောက်ရှိလာမည့် မြန်မာနိုင်ငံ၏ပြောင်းကို တရုတ်နိုင်ငံက GACCလက်မှတ်ရ ကုမ္ပဏီများမှ တဆင့်ဝယ်ယူရန်ရှိနေပြီး ပုံမှန်အားဖြင့် ပြောင်းကို မြဝတီနယ်စပ်၊ ပုံမှန်ကုန်သွယ်မှု သင်္ဘောလိုင်းများမှ တင်ပို့နေခြင်းဖြစ်ရာ လာမည့်ပြောင်းရာသီတွင် ပြောင်းတင်ပို့မှု ပိုမိုလာနိုင်သော်လည်း ကုန်သွယ်မှု မူဝါဒ အပြောင်းအလဲများကြောင့် လက်တလော ပြောင်းအရောင်းအဝယ် ရပ်ဆိုင်းလျက်ရှိနေကြောင်း ကုန်သည်များထံက သိရသည်။

ကိုခန့်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/20/china%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%81%e1%80%bc%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 20, 2022 8:45 下午
下一篇 7月 20, 2022 8:46 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....