ပဲဈေးကွက်ပုံမှန်မဟုတ်ပေါက်ဈေးဖြင့်ရောင်းဝယ်ဖြစ်

Summary : ပဲမျိုးစုံဈေးကွက်မှာ ဒေါ်လာဈေး ကုန်သွယ်ရေးမှုဝါဒ အပြောင်းအလဲကြောင့် ဈေးကွက်အတွင်း ပဲ၊ နှမ်း အားလုံး ဈေးမြင့်တက်လာသည့်အပြင် လက်ကျန်နည်းလာသည့် ပို့ကုန်ပဲများ တစ်နေ့တစ်ဈေး ဖြစ်နေကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။

ပဲမျိုးစုံဈေးကွက်မှာ ပုံမှန်မဟုတ်သည့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေ

ပဲဈေးကွက်ပုံမှန်မဟုတ်ပေါက်ဈေးဖြင့်ရောင်းဝယ်ဖြစ်

ပဲမျိုးစုံဈေးကွက်မှာ ဒေါ်လာဈေး ကုန်သွယ်ရေးမှုဝါဒ အပြောင်းအလဲကြောင့် ဈေးကွက်အတွင်း ပဲ၊ နှမ်း အားလုံး ဈေးမြင့်တက်လာသည့်အပြင် လက်ကျန်နည်းလာသည့် ပို့ကုန်ပဲများ တစ်နေ့တစ်ဈေး ဖြစ်နေကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။

ကုန်သွယ်ရေးမှုဝါဒမှာ ဒေါ်လာငွေ သက်မှတ်ချက်အပြင် ငွေပေးချေးမှု တင်ပို့မှုဆိုင်ရာ လိုင်စင် တစ်ခေါက်ခြင်း  လျှောက်ထားရမှုတို့ကြောင့် ပဲ၊နှမ်းဈေးကွက် ၂ ရက်ခန့် အရောင်းအဝယ် ရပ်ဆိုင်းလုဖြစ်သွားပြီးနောက် ပစ္စည်းလက်ဝယ်ရှိသူများမှာ ပြင်ပဒေါ်လာဈေးပေါ်မှုတည်ပြီး ပုံမှန်ထက် ဈေးမြင့်တက်လာကြောင်း၊ ကြိုက်ဈေးရမှသာ ရောင်းချသည့်ပုံစံဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“ပဲ၊နှမ်းဈေးကွက်ကတော့ အကုန် အတက်ဈေးတွေဖြစ်နေပါတယ်။ မြေပဲဆန်ဆိုရင် တစ်ပိသာကျပ် ၅၀၀၀ ကျော်နေတယ်။ ကုလားပဲဆိုရင်လည်း ထိုင်ဝမ်ပဲက ငွေကျပ် ၁၃၉၀၀၀ -၁၄၀၀၀၀ ၊ ပဲစဉ်းငုံတစ်အိတ် ငွေကျပ် ၁၄၁၀၀၀ ပေါက်ဈေးတွေဖြစ်လာတယ်။ နှမ်ဖြူတစ်အိတ်ကျပ် ၂၇၀၀၀၀ ထိ ပေါက်ဈေးကောင်းလာပါတယ်။ ပဲ၊နှမ်းအမျိုးအစားအလိုက် အကုန်  ပုံမှန်မဟုတ်တဲ့ အတက်ဈေးတွေ ဖြစ်နေပါတယ်။ ပစ္စည်းလက်ဝယ်ရှိသူတွေကတော့ မရောင်းရလေကြိုက်လေ ကြိုက်ဈေးခေါ်ရောင်းနေတဲ့ ဈေးကွက်ဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။

ကုန်သွယ်မှေုဝါဒ အပြောင်းအလဲကြောင့် နယ်စပ်ကုန်သွယ်မှုတွင် ငွေလဲလှယ်နှုန်း ကွာခြားချက်များကြောင့် ပို့ကုန်သမားများ တင်ပို့မှုရပ်ဆိုင်းနေကြောင်းလည်း သိရသည်။ သို့သော်ပြည်တွင်း ဒေါ်လာပေါက်ဈေး မတည်ငြိမ်ခြင်းကြောင့်လည်း ပဲ၊နှမ်းဈေးကွက်မှာ ပုံမှန်မဟုတ်သည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေခြင်း ဖြစ်သည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/07/25/%e1%80%95%e1%80%b2%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%95%e1%80%af%e1%80%b6%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%ba%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 25, 2022 10:37 上午
下一篇 7月 25, 2022 10:39 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....