တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်းပါဝင်ခဲ့

Summary : တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်း ပါဝင်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်းပါဝင်ခဲ့

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်းပါဝင်ခဲ့

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်း ပါဝင်ခဲ့ကြောင်းသိရသည်။

အဆိုပါပြပွဲ၌ မြန်မာနိုင်ငံပြခန်းတွင် မြန်မာ့လက်မှုပညာများ၊ မြန်မာနိုင်ငံ၏ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ကျောက်စိမ်း၊ လက်ဝတ်ရတနာ၊ ယွန်းထည်ပစ္စည်းများ၊ ကျောက်စီပန်းချီကားများ၊ ပုသိမ်ထီးများ၊ အေးသာယာဝိုင်၊ လက်ဖက်ခြောက်၊ Royal Tea Mix များကိုလည်း ခင်းကျင်းပြသခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်းပါဝင်ခဲ့တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်းပါဝင်ခဲ့တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်းပါဝင်ခဲ့တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်းပါဝင်ခဲ့တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် 23rd China International Travel Mart (CITM) တွင် မြန်မာနိုင်ငံပြခန်းလည်းပါဝင်ခဲ့

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့်လည်း မြန်မာနိုင်ငံ ကိုယ်စားပြု၍ ခရီးသွားတိုးမြှင့်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီဒီယိုများ ပြသခြင်း၊ မီဒီယာများဖြင့် ကြော်ငြာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြပွဲတွင် နိုင်ငံပေါင်း (၇၁)နိုင်ငံ၊ တရုတ်နိုင်ငံ၏ ပြည်နယ်များနှင့် ခရီးသွား လုပ်ငန်းကုမ္ပဏီများက ပြခန်းများ ပါဝင်ပြသခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လေကြောင်း ဦးစီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ကြီးမှူး၍ တရုတ်နိုင်ငံ ပြည်နယ်များ၊ မြူနီစီပယ်မြို့များ၊ ကူမင်းအခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများ အပါအဝင် သက်ဆိုင်ရာဌာနနှင့် လုပ်ငန်းကုမ္ပဏီများ ပါဝင်ပြသခဲ့ကြသည်။

အဆိုပါပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့က ကျင်းပရာ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး H.E. Mr. Wang Ning ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo ၊ တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Zhang Xu နှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ နိုင်ငံခြားသံရုံး သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် အပါအဝင် ကူမင်းမြို့အခြေစိုက်ကောင်စစ်ဝန်ချုပ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/26/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6-%e1%80%80%e1%80%b0%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad-2/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 26, 2022 7:46 上午
下一篇 7月 27, 2022 12:28 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....