မန္တလေးမြို့ရှိ မောသစ်ရွှေဆိုင် ဓားပြတိုက်ခံရ

Summary : မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅လမ်း၊ ၅၈ လမ်းနှင့်၅၉လမ်းကြားရှိ (စ)ဈေးမြောက်ဘက် တိုက်ခန်းတွင် ဖွင့်လှစ်ထားသော မောသစ်ရွှေဆိုင်အား ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က အမည်မသိအမျိုးသားနှစ်ဦး၏ ဓားပြတိုက်ခြင်းကိုခံခဲ့ရပြီး ရွှေ(၁)ပိဿာကျော်နှင့် ငွေကျပ်သိန်း၆၀ ယူဆောင်သွားခြင်းကို ခံခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မန္တလေးမြို့ရှိ မောသစ်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ(၁)ပိဿာကျော်နှင့်ငွေကျပ်သိန်း၆၀ ယူဆောင်သွား

မန္တလေးမြို့ရှိ မောသစ်ရွှေဆိုင် ဓားပြတိုက်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅လမ်း၊ ၅၈ လမ်းနှင့်၅၉လမ်းကြားရှိ (စ)ဈေးမြောက်ဘက် တိုက်ခန်းတွင် ဖွင့်လှစ်ထားသော မောသစ်ရွှေဆိုင်အား ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က အမည်မသိအမျိုးသားနှစ်ဦး၏ ဓားပြတိုက်ခြင်းကိုခံခဲ့ရပြီး ရွှေ(၁)ပိဿာကျော်နှင့် ငွေကျပ်သိန်း၆၀ ယူဆောင်သွားခြင်းကို ခံခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါရွှေဆိုင်သို့ အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်၍ ရွှေ(၁)ပိဿာကျော်နှင့်ငွေကျပ်သိန်း၆၀ ယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦး ခြေဖမိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယခု ဓားပြတိုက်မှုမှာ မန္တလေးတွင် မောသစ်အမည်ဖြစ် ဖွင့်လှစ်ထားသော ရွှေဆိုင်များအနက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ဓားပြတိုက်ခံရသော ဆိုင်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနှင့်၁၃၄လမ်းထောင့်ရှိ ဆိုင်ဖြစ်ပြီး ထိုစဉ်က ဓားပြမှ ရွှေ ၆၅ကျပ်သားနှင့် ငွေကျပ်(၁၁၈၀)သိန်း ယူဆောင်ခြင်းကိုခံခဲ့ရကြောင်းလည်း သိရသည်။

ရှမ်းချန်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/28/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%be%e1%80%ad-%e1%80%99%e1%80%b1%e1%80%ac%e1%80%9e%e1%80%85%e1%80%ba%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 28, 2022 7:46 上午
下一篇 8月 1, 2022 4:13 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....