မုံရွာကုန်စည်စျေးကွက်တွင်ဆီထွက်သီးနှံစျေးတက်

Summary : မုံရွာကုန်စည်စျေးကွက်တွင် တစ်ပတ်အတွင်း ဆီထွက်သီးနှံစျေးမှာ သိသိသာသာ တက်သွားကြောင်း သီးနှံကုန်သည်များထံကသိရသည်။

မုံရွာကုန်စည်စျေးကွက်တွင် တစ်ပတ်အတွင်း ဆီထွက်သီးနှံစျေး သိသိသာသာတက်

မုံရွာကုန်စည်စျေးကွက်တွင်ဆီထွက်သီးနှံစျေးတက်

မုံရွာကုန်စည်စျေးကွက်တွင် တစ်ပတ်အတွင်း ဆီထွက်သီးနှံစျေးမှာ သိသိသာသာ တက်သွားကြောင်း သီးနှံကုန်သည်များထံကသိရသည်။

“ဆီထွက်သီးနှံတွေ စျေးတက်သွားတယ်။ နှမ်းညို၊ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းနက်နဲ့ မြေပဲလုံးဆန်၊ မြေပဲဆီဆန် စျေးတွေတက်သွားတာပါ။ နှမ်းတွေတစ်တင်းကို ကျပ်၄၀၀၀ နဲ့ ၅၀၀၀ လောက်အထိ တက်သွားတယ်။ မြေပဲလုံးဆန်နဲ့ ဆီဆန်တစ်ပိသာကျပ် ၅၀၀ လောက် တက်သွားတယ်” ဟု သီးနှံကုန်သည် ဦးတင်ကို ကပြောသည်။

မြေပဲဆီဆန်နှင့် လုံးဆန်များ ယခုနှစ် ထွက်နှုန်းနည်းရာ အဝင်မရှိတော့သောကြောင့် စျေးတက်ရခြင်းဖြစ်ပြီး နှမ်းမျိုးစုံလည်း လက်ရှိတွင် အဝင်နည်းနေသည့်အတွက် စျေးကွက်မြင့်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မုံရွာကုန်စည်စျေးကွက်တွင် ကုလားပဲအုပ်စု စျေးပြန်ငြိမ်နေသော်လည်း ပဲစဥ်းငုံစျေးသည် တစ်ရိပ်ရိပ် တက်လာနေကြောင်း ကုန်သည်များကဆိုသည်။ ပဲစဥ်းငုံစျေးသည် တူရောင်း တူဝယ် တစ်လခွဲဆိုင်း တစ်တင်းလျှင် ကျပ် ၄၈၅၀၀ အထိ ဖြစ်သွားကြောင်းသိရသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/28/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%8a%e1%80%ba%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 27, 2022 12:28 上午
下一篇 7月 28, 2022 7:46 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....