သုံးလတာကာလအတွင်းပြည်ပသို့ပဲတီစိမ်းအများဆုံးတင်ပို့

Summary : ယခုဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန် (၃)လကျော်အတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် (၅သိန်း ၂သောင်း)ကျော် တင်ပို့ထားရာ ပဲတီစိမ်းကို အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ၊ မေ၊ ဇွန် သုံးလတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တန် ၅ သိန်း ၂ သောင်းကျော် တင်ပို့ခဲ့ရာ ပဲတီစိမ်း အများဆုံးတင်ပို့ခဲ့

သုံးလတာကာလအတွင်းပြည်ပသို့ပဲတီစိမ်းအများဆုံးတင်ပို့

ယခုဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန် (၃)လကျော်အတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် (၅သိန်း ၂သောင်း)ကျော် တင်ပို့ထားရာ ပဲတီစိမ်းကို အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ (၁)ရက်နေ့မှ ဇူလိုင်လ (၈)ရက်နေ့အထိ ပင်လယ်ရေကြောင်းမှတဆင့် ပဲမျိုးစုံတန်ချိန်  ၃၈၀၀၀၀ ကျော်နှင့် နယ်စပ်မှတဆင့် တန်ချိန်  ၁၃၀၀၀၀ ကျော် တင်ပို့ထားရာ ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၃၉၀)ကျော် ရရှိထားပြီး သုံးလတာကာလအတွင်း ပဲတီစိမ်းကို အများဆုံး တင်ပို့ထားခြင်းဖြစ်ပြီး တန်ချိန်  ၂၆၀၀၀၀ ကျော်အထိ တင်ပို့ထားကြောင်းသိရသည်။

မတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၁၀၀၀၀၀ ကျော်နဲ့ ပဲစဉ်းငုံ တင်ပို့မှုမှာ တန်ချိန် ၇၅၀၀ကျော် တင်ပို့ထားကြောင်း စီးပွား/ကူးသန်းက ထုတ်ပြန်ထားသည်။

ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံများမှာ ပြည်တွင်းလက်ကျန် နည်းလာသဖြင့် ပစ္စည်းလက်ဝယ်ရှိ လှောင်လက်များက ဒေါ်လာစျေးအပြောင်းအလဲကို စောင့်ကြည့်ကာ ကြိုက်ရောင်းကြိုက်ဝယ် အလုပ်ဖြစ်နေပြီး ပို့ကုန်သမားများအနေဖြင့်လည်း ဒေါ်လာစျေး ပုံသေသတ်မှတ်ချက်ကြောင့် စောင့်ကြည့်ဝယ်ယူနေခြင်းမျိုးဖြင့် ပဲစျေးကွက် မှာ တက်လိုက်ကျလိုက် ခန့်မှန်းရန်မလွယ်ကူကြောင်း ပဲကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန် (၂)သိန်းခွဲနှင့် ပဲစဉ်းငုံတန်ချိန် (၁)သိန်းကို (၅)နှစ်ဆက်တိုက် နှစ်စဉ် ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယအစိုးရဘက်က တရားဝင် ထုတ်ပြန်ထားသည်။  လက်ရှိတွင် ပြည်တွင်းပဲစျေးကွက်မှာ   နိုင်ငံခြားငွေနှင့် ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲများကြောင့် ပဲဈေးကွက်မှာ ပုံမှန်မဟုတ်သည့် ပေါက်စျေးများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/28/%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9c%e1%80%90%e1%80%ac%e1%80%80%e1%80%ac%e1%80%9c%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 28, 2022 7:45 上午
下一篇 7月 28, 2022 7:48 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....