မုံရွာစျေးကွက်သို့ ကြက်သွန်နီ အဝင်နည်းနေသော်လည်း အသစ်မပေါ်ခင်အထိ ပြတ်လတ်မှုမရှိနိုင်
မုံရွာစျေးကွက်သို့ ကြက်သွန်နီအဝင်နည်းနေသော်လည်း အသစ်မပေါ်ခင်အထိ ပြတ်လတ်မှု မရှိနိုင်ကြောင်း ရှုတိုင်းယဥ်ကြက်သွန်ပွဲရုံ ပိုင်ရှင် ဦးတိုး ထံမှ သိရသည်။
“ဒီအချိန်က တောင်သူလက်ထဲမှာ လက်ကျန်နည်းသွားပြီ။ မရှိတော့ဘူး။ အရင်နှစ်တွေက ကြက်သွန်နီ ပေါတယ်။ ဒီနှစ်က အစိုက်လျော့တာရော တောင်သူတွေက မထားချင်ကြတော့ အကုန်ထုတ်ကုန်ကြတာပါ။ ကြက်သွန်နီက အပင်စိုက်နဲ့ ဥစိုက်က တဆက်တည်းဖြစ်သွားတာ။ ပြာသိုလလောက်ကနေ တောက်လျောက်ဆိုသလို အမိတ်ထောင်ပြီးတော့ ဆက်သွားတာပါ။ ကြက်သွန်နီအသစ်မပေါ်မခြင်းကတော့ ကြက်သွန်ကတော့ ပြတ်မသွားဘူး။ ရှိနေမှာဘဲ။ စျေးအတက်အကျဘဲရှိမှာပါ”ဟု ဦးတိုး ကပြောသည်။
လက်ရှိတွင် ကြက်သွန်နီအရောင်းအဝယ်ပါးနေပြီး အဝင်လည်းနည်းကာ စျေးနှုန်းအနေဖြင့် တစ်ပိသာ ၁၅၀၀ ကျပ်စျေးရှိပြီး ၁၄၀၀၊ ၁၄၅၀ ကျပ်အစားစားရှိသည်။
“အခုစျေးကပုံမှန်ပါ။ စောစောစျေးနဲ့စာရင် ပြန်ကျသွားတာပါ။ တစ်ပိသာ ၁၈၀၀ အထိ ဖြစ်သွားသေးတာပါ။ ရန်ကုန်စျေးဆိုရင် ၂၀၀၀ ကျော်အထိဖြစ်သွားတာပါ။ မုံရွာစျေးကတော့ ၁၈၀၀ အမြင့်ဆုံးပါ။”ဟု ဦးတိုး ကပြောသည်။
ကြက်သွန်နီစျေးကွက်ရှေ့အလားအလာသည် အရောင်းအဝယ်မကောင်းသော်လည်း ပွဲရုံလကျန်နှင့် တောင်သူကုန်လက်ကျန် မမျှဖြစ်နေရာ နောက်ပိုင်းကာလတွင် စျေးအတက်ဖက်ရှိမည် မှန်းထားကြောင်း သိရသည်။
“တစ်ပိသာ ၂၀၀၀ ကျော်ထိ တက်မယ်မှန်းထားတယ်။ လက်ရှိကြက်သွန်နီစျေးအနေအထားနဲ့ဆိုတော့ တောင်သူမက်လောက်တဲ့စျေးဆိုတော့ စိုက်ကြမှာပေါ့။ ဒီနှစ်စိုက်ကြမှာဗျ”ဟု ဦးတိုး ကပြောသည်။
ကြက်သွန်နီက အပင်စိုက်နဲ့ ဥစိုက်၂ မျိုးရှိပြီး မုံရွာနယ်တွင် အပင်စိုက်သာစိုက်ကြပြီး ကျွဲရဲရွာ၊ အက်တောရွာများတွင် ကြက်သွန်နီအများအပြားစိုက်ပြီး အပင်စိုက်သာစိုက်ကြကာ တပေါင်းလထဲတွင် ပေါ်သည်။ နှစ်စဥ်စျေးကွက်တွင် အပင်စိုက်ထက် ဥစိုက်ကသာကြောင်း သိရသည်။
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/04/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%80%e1%80%bc%e1%80%80%e1%80%ba/