မုံရွာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးမီးလောင်

မုံရွာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးမီးလောင်

မုံရွာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးမီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့  မုံရွာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးသည် သြဂုတ်လ ၂ ရက် ည ၁၁ နာရီ မိနစ် ၂၀ က မီးလောင်မှုဖြစ်ပွားရာ အချိန်တစ်နာရီခန့် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“စက်မှုဇုန်ရုံး အဆောက်အဦးကြီးတစ်ခုလုံး လောင်သွားတာပါ။ လောင်တဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကတော့ အခုမှအဖွဲ့စုံနဲ့စိစစ်ပြီး ပြန်တွက်ရမှာပါ။ မနေ့ညက လုံခြုံရေးအခြေအနေအရ မီးငြိမ်းအောင်ဘဲ လုပ်ဆောင်ခဲ့ရတယ်” ဟု မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော် ကပြောသည်။

မုံရွာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးမီးလောင်

မီးငြိမ်းရာတွင် မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင် ၅၀ ခန့် ပါဝင်ပြီး မီးငြိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၃ စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူနိုင်ရန် မုံရွာမြို့ နယ်မြေရဲစခန်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/04/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%85%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%87%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%81%e1%80%94/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 2, 2022 11:02 上午
下一篇 8月 4, 2022 2:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....