ကုန်စျေးနှုန်းမြင့်တက်လာခြင်းစားသောက်ရေးခက်ခဲလာ

ကုန်စျေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားများ စားသောက်ရေးခက်ခဲလာ

ကုန်စျေးနှုန်းမြင့်တက်လာခြင်းစားသောက်ရေးခက်ခဲလာ
တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားများအနေဖြင့် ကုန်စျေးနှုန်းတက်လာသောကြောင့် လုပ်ကိုင် စားသောက်ရခက်ခဲလာကြောင်း မုံရွာမြို့နယ် ကြာပိုင်ရွာနေ ကုန်စိမ်းစျေးသည် မစန်းမိုး ကပြောသည်။

“ကုန်စျေးနှုန်းတွေတက်၊ ဆီစျေးတွေတက်၊ ကျွတ်ကျွတ်အိတ်ကပ်ကအစ စျေးတွေတက်တော့ စျေးသည်တွေ ရောင်းရဝယ်ရတာ မကိုက်ကြဘူး။ ပွဲစားတွေဆီကနေ ခရမ်းချဥ်သီးတွေ ယူရတယ်။ ကားခတန်ဆာခတွေက စျေးကြီးတော့ အရောင်းအဝယ်တွေ အလုပ်မဖြစ်ကြဘူး။ ကားခက တစ်ပိသာ၁၂၀ ကျပ် ကျနေတယ်။ ခရမ်းချဥ်သီးအချိန် ၁၀ တစ်ခြင်းကို ၅၀၀ နဲ့ ၇၀၀ လောက်ရတာဆိုတော့ အရင်နှစ်တွေလောက် အလုပ်မဖြစ်ဘူး။ ဓာတ်ဆီကလည်း ဆိုက်တွဲတစ်စီးကို တစ်ရက် ၈၀၀၀ ဖိုးလောက် ထည့်သုံးရတယ်” ဟု မစန်းမိုးကပြောသည်။

ခရမ်းချဥ်သီးတစ်ပိသာကို ယခင်နှစ်က တန်ဆာခက ၇၀-၈၀သာ ပေးခဲ့ရသော်လည်း ယခုနှစ်တွင် ၁၂၀ ထိ ပေးနေရပြီး ခြင်းဝင်သီးတစ်လုံးလျှင် ယခင်နှစ်က ကျပ် ၂၅၀-၃၀၀ ပေးခဲ့ရရာမှ ယခုနှစ်တွင် ကျပ် ၄၅၀ ပေးရကြောင်းသိရသည်။
ကုန်စျေးနှုန်းမြင့်တက်လာခြင်းစားသောက်ရေးခက်ခဲလာကုန်စျေးနှုန်းမြင့်တက်လာခြင်းစားသောက်ရေးခက်ခဲလာ
“အစစ တက်တော့ စျေးတင်ရောင်းရတယ်။ အရင်နှစ်တွေက ခရမ်းချဥ်သီးတစ်ပိသာကို အလုပ်သမားခတွေ အပါအဝင် ၁၀၀ ကျော်လောက်ကျရာက အခုဆို ၂၂၀ လောက်ကျတော့ စျေးပြန်ရောင်းတော့ အဲဒီလောက်ရဖို့ မလွယ်တော့ဘူး”ဟု မစန်းမိုးက လက်တွေ့ဘဝကို ပြောပြသည်။

မုံရွာမြို့အမှိုက်ပုံများမှ ပြန်ရောင်းရမည့်ပစ္စည်းများ ကောက်ကာ ရောင်းစားနေရသည့် ဦးခင်မောင်သန်း ကလည်း တစ်ရက်စာစားသောက်ရန် မနည်းရုန်းကန်နေရကြောင်း ပြောကြားသည်။

“အခက်အခဲက တော်တော်ဖြစ်နေတယ်။ စားဖို့သောက်ဖို့ မနည်းရှာနေရတယ်။ သားအမိနှစ်ယောက်စာ ရှာရတာဆိုတော့ ရှာရတာမလွယ်ဘူး။ နေရတာလည်း အဆင်မပြေဘူး။ အိမ်ကမိုးမလုံဘူး။ တစ်ရက်ကို ၅၀၀၀ ရတာရှိတယ်။ ၄၀၀၀၊ ၃၀၀၀ ရတာလည်းရှိတယ်။ ပုံမမှန်ဘူး။ ၂၀၀၀ လောက်ရတာလည်း ကြုံဘူးတယ်။ တစ်ရက်လုပ်တစ်ရက်စား၊ တစ်ရက်သွား၊တစ်ရက်လာ လုပ်စားနေရတယ်။ ကိုဗစ်တုန်းက ဆိုးဆိုးရွားရွားမဖြစ်ဘဲ နေ့တိုင်းလုပ်ဖြစ်တယ်။ အမေ့အသက်က ၈၀ ကျော်ပြီ။ အမေကို လုပ်ကျွေးနေတာပါ။ ကျွန်တော်က အိမ်ထောင်မရှိဘူး။ လူပျိုကြီးပါ။ အမေနဲ့သားအမိနှစ်ယောက် လုပ်စားရတာပေါ့။ ကျန်းမာရေးကကောင်းပါတယ်။ ဘာမှဆိုးဆိုးရွားရွားကြီးမရှိပါဘူး။ စားရေးသောက်တာ အဆင်မပြေတာဘဲရှိတယ်။ တစ်ခါတလေ အိမ်နားဝန်းကျင်က ကူညီထောက်ပံ့ကြပါတယ်။ ငရုတ်၊ ကြက်သွန်၊ ဆန်၊ ဆီတွေ ထောက်ပံ့ကြပါတယ်”ဟု ဦးခင်မောင်သန်း ကပြောသည်။

ဦးခင်မောင်သန်း သည် မုံရွာမြို့ ရတနာပုံရပ်၊ အမှတ်၇ နယ်မြေ ၉ အောင်သုခလမ်းတွင် နေထိုင်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/07/%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 7, 2022 11:11 下午
下一篇 8月 7, 2022 11:13 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....