တရုတ်-မြန်မာ နိုင်ငံတကာ လယ်ယာထွက်ကုန်များ အခြောက်ခံသည့် ကုန်ထုတ်လုပ်ရေးလိုင်း အဆင့်မြင့်နည်းပညာနှင့် လက်ရာလေ့ကျင့်ရေးသင်တန်းဖွင့်လှစ်
ယူနန်ပြည်နယ် သိပ္ပံနည်းပညာဦးစီးဌာနမှပံ့ပိုးသည့် “ယူနန်တွင်ဉာဏ်ပညာများစုစည်းခြင်း” စီမံကိန်း ဖြစ်သော တရုတ်-မြန်မာ နိုင်ငံတကာ လယ်ယာထွက်ကုန်များ အခြောက်ခံသည့် ကုန်ထုတ်လုပ်ရေးလိုင်း အဆင့်မြင့်နည်းပညာနှင့် လက်ရာလေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့တွင် Online Offline ပုံစံဖြင့် တစ်ချိန်တည်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ သက်ဆိုင်ရာသင်တန်းကျောင်း၊ လုပ်ငန်းကုမ္ပဏီ၊ လုပ်ငန်းအသင်းနှင့် အချို့သောသင်ကြားမည့်ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင် (MFVP) ၊ မြန်မာနိုင်ငံ ငှက်ပျောသီးအသင်း (MBPFC) နှင့် မှိုစိုက်ပျိုးရေးအသင်းစသည့် သက်ဆိုင်ရာလုပ်ငန်းအသင်းအဖွဲ့မှ တာဝန်ခံပုဂ္ဂိုလ်၊ စီမံအုပ်ချုပ်သူနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း လူ ၁၅၀ ကျော်ခန့်တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံစိုက်ပျိုးရေးကုန်ထုတ်လုပ်မှု လက်တွေ့လိုအပ်ချက်အရ ခေတ်မီအချောကိုင်ခြင်း နည်းပညာသဘောတရားနှင့် လက်မှုပညာ၊ အမြဲသုံးအချောကိုင်သည့် စက်ပစ္စည်း အယူအဆသင်ခန်းစာနှင့် လက်တွေ့လုပ်ဆောင်ခြင်းသင်ခန်းစာများ ထည့်သွင်းရေးဆွဲထားမှုများပါဝင်သည်။
ယခုအကြိမ်လေ့ကျင့်ရေးမှတစ်ဆင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံက စက်ပစ္စည်းထုတ်လုပ်မှု၊ လယ်ယာထွက်ကုန်အား အချောကိုင်ခြင်းကဏ္ဍများတွင် ကူးလူးဖလှယ်မှုကိုမြှင့်တင်နိုင်ပြီး သိပ္ပံနည်းပညာအင်အားဖြင့် တရုတ်-မြန်မာပြည်သူများကို အကျိုးပြုကာ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးထမ်းဆောင်မှုအသစ်များ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/07/%e1%80%9c%e1%80%9a%e1%80%ba%e1%80%9a%e1%80%ac%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%a1%e1%80%86%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%b7/