တရုတ်မှမူဆယ်သို့COVID-19တိုက်ဖျက်ရေးပစ္စည်းများလှူဒါန်း

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မူဆယ်ခရိုင်သို့ တရုတ်ငွေယွမ် ၃ သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်း

တရုတ်မှမူဆယ်သို့COVID-19တိုက်ဖျက်ရေးပစ္စည်းများလှူဒါန်း

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မူဆယ်ခရိုင်သို့ စုစုပေါင်းတန်ဖိုး တရုတ်ငွေယွမ် ၃ သိန်းရှိ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို တရုတ်နိုင်ငံ တယ်ဟုန် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရွှေလီမြို့ ဝမ်တိန် မန်မိုင်နယ်စပ်ဂိတ်တွင် ဩဂုတ်လ ၁ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများဖြစ်သည့် ဆေးဘက်ဆိုင်ရာ အကာအကွယ်မျက်နှာဖုံးများ၊ ဆေးဘက်ဆိုင်ရာခွဲစိတ်ခန်းသုံးမျက်နှာဖုံးများ၊ ဆေးဘက်ဆိုင်ရာတစ်ခါသုံး အကာအကွယ် အဝတ်အစားများ၊ ဆေးဘက်ဆိုင်ရာအကာအကွယ်ဖိနပ်အဖုံးများ၊ တစ်ခါသုံးဆေးဘက်ဆိုင်ရာ လက်အိတ်စသည်တို့ ပါဝင်သည်။

တရုတ်မှမူဆယ်သို့COVID-19တိုက်ဖျက်ရေးပစ္စည်းများလှူဒါန်း

တရုတ်-မြန်မာနှစ်နိုင်ငံသည် နယ်စပ်ဒေသ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စွမ်းရည် အတူမြှင့်တင်လျက် ရှိပြီး တရုတ်-မြန်မာ ကုန်သွယ်မှု အတားအဆီးမဲ့ အခြေအနေများ ရောက်ရှိလာရန်နှင့် နှစ်နိုင်ငံပြည်သူပြည်သားတို့အကြား အပြန်အလှန် တွန်းအားပေးနိုင်ရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း တယ်ဟုန်ပြည်နယ်ခွဲ နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/07/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%99%e1%80%b0%e1%80%86%e1%80%9a%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7covid-19%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 4, 2022 2:14 下午
下一篇 8月 7, 2022 11:11 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....