ပြည်တွင်းဆန်ဈေး ဝယ်လိုအားကောင်းပြီး စျေးမြင့်တက်လာ
ပြည်တွင်းစားသုံးမှုများသည့် ဆန်ဈေးကွက်တွင် ဇူလိုင်လဆန်းနောက်ပိုင်း ဆန်ဝယ်လိုအားကောင်းလာပြီး လက်ကျန်စပါးဟောင်းလျော့နည်းလာခြင်းကြောင့် ဆန်ဈေးမြင့်တက်လာခဲ့ရာ ရွှေဘိုပေါ်ဆန်း(ဘေးကြား) သည် ဈေးမြင့်တက်သွားခဲ့ကြောင်း သိရသည်။
အထူးသဖြင့် မန္တလေးတွင် ဆန်ဝယ်ယူမှုများလာပြီး အခြားဆန်ဈေးနှုန်းများမှာ ၂၄ ပြည်တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၂၀၀၀ မှ ကျပ် ၅၀၀၀ ခန့်ထိ ဈေးမြင့်ခဲ့ပြီး လက်ရှိစားသုံးသူဈေးကွက်တွင် ဝယ်လိုအား ကောင်းနေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ မိုးမှာ စိုက်တဲ့ မိုးစပါးလည်း တောင်သူလက်ထဲမှာ လက်ကျန်နည်းလာပြီ။ ဝယ်လိုအားကောင်းလာချိန်မှာ စပါးအဟောင်းရှားလာတာကြောင့် ဆန်ဈေးတက်တဲ့ အနေအထားလို့ သုံးသပ်ပါတယ်” ဟု ဆန်စပါး ကုန်သည် ဦးကြိုင် ကပြောသည်။
“ဆန်ရောင်းတဲ့ဈေးက တစ်ဦးနဲ့ တစ်ဦးမတူကြသလို လက်လီနဲ့ လက်ကား ဈေးခွာရောင်းတာလည်းရှိတယ်။ ကိုယ်တိုင် ကြိတ်ခွဲရောင်းသူက ဈေးလျှော့ရောင်းနိုင်ပေမယ့် တဆင့်ဝယ်ရောင်းရင် ဈေးပိုမှာပဲ။ ရွှေဘို မဂျမ်း (အဟောင်း)ဆိုရင် ရွာမှာတင် ရက်ပိုင်းအတွင်း ငါးထောင်လောက်တက်သွားတယ်” ရွှေဘိုနယ်မှ ဆန်တင်ပို့ရောင်းချနေသူတစ်ဦး ကပြောသည်။
ပြည်ပတင်ပို့သည့် ဆန်မှာ နွေစပါးများကို ကြိတ်ခွဲတင်ပို့သည့်အတွက် ပြည်ပဆန်ဈေးကွက်က ပြည်တွင်းစားသုံးမှု ဆန်ဈေးကွက်ပေါ်သက်ရောက်မှု နည်းပါးကြောင်း၊ ပြည်ပတင်ပို့သည့် ဆန်ဈေးမြင့်တက်ခြင်းက တောင်သူများအတွက် အဆင်ပြေကြောင်းသိရသည်။
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/09/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%94%e1%80%ba%e1%80%88%e1%80%b1%e1%80%b8%e1%80%9d%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%a1/