မြန်မာသံအမတ်ကြီးဦးမျိုးသန့်ဖေရုတ်တရက်ကွယ်လွန်

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ရုတ်တရက်ကွယ်လွန်

မြန်မာသံအမတ်ကြီးဦးမျိုးသန့်ဖေရုတ်တရက်ကွယ်လွန်

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ဩဂုတ်လ (၇) ရက် နံနက်ပိုင်းတွင် ရုတ်တရက်ကွယ်လွန်သွားကြောင်း သိရသည်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် အစည်းဝေး တစ်ခုသို့ တက်ရောက်ရန် တရုတ်နိုင်ငံ ဘေဂျင်းမြို့ မှ မြန်မာနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ဩဂုတ်လ ၆ရက်နေ့က အစည်းအဝေးတစ်ခုသွားတက်ခဲ့ပြီးနောက် ကူမင်းမြို့ သို့ သွားရောက်စဉ် ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးဦးမျိုးသန့်ဖေရုတ်တရက်ကွယ်လွန်မြန်မာသံအမတ်ကြီးဦးမျိုးသန့်ဖေရုတ်တရက်ကွယ်လွန်

သြဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် ဦးစီးကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် သြဂုတ်လ ၇ ရက်နေ့က တရုတ်နိုင်ငံ၌ ကွယ်လွန်ခဲ့ခြင်း သတင်းနှင့်ပတ်သက်သည့် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ဝမ်ဝင်ပင်က ဤသတင်းသည် စစ်မှန်ပါကြောင်း၊ သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၂၀၁၉ ခုနှစ်က သံအမတ်ကြီးတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည့်နောက်ပိုင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို တက်ကြွစွာ တွန်းအားပေးခဲ့ကြောင်း၊ မိမိတို့သည် ဦးမျိုးသန့်ဖေ ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းအတွက် လေးနက်စွာ ဝမ်းနည်းကြေကွဲ နှမြောတမ်းတ ဖြစ်မိပြီး ၎င်း၏ ကျန်းရစ်သူမိသားစုအား လေးနက်စွာ စာနာနှစ်သိမ့်ပါကြောင်း၊ တရုတ်နိုင်ငံသည် သံအမတ်ကြီး ဦးမျိုးသန့်ဖေ ကွယ်လွန်ခဲ့ခြင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာပြည်ဘက်နှင့် နီးကပ်စွာ ကူးလူးဖလှယ်မှုကို ထိန်းသိမ်းထားပြီး နောက်ဆက်တွဲ ကိစ္စရပ်များ အဆင်ပြေစွာ ဆောင်ရွက်ရေးအတွက် အစွမ်းကုန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

သံအမတ်ကြီး ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ဝမ်းနည်းကြောင်းစာလွှာရေးသားခြင်းအခမ်းအနားကို တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မြန်မာသံရုံးတွင် ဩဂုတ်(၉)ရက်မှ (၁၁) ရက်အထိ နံနက် (၁၀) နာရီမှ (၁၂) ရီအတွင်းနှင့် နေ့လည် (၂) နာရီမှ ညနေ (၄) နာရီအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာသံ ရုံးက သတင်း ထုတ်ပြန်ထားသည်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၂၀၁၉ ခုနှစ် သြဂုတ်လတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရာထူးမှ တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရကာ နိုဝင်ဘာလ ၂၂ ရက်တွင် ၎င်း၏ သံအမတ် ခန့်အပ်လွှာကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ထံ ပေးအပ်၍ တာဝန် စတင် ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/09/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9e%e1%80%b6%e1%80%a1%e1%80%99%e1%80%90%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%a6%e1%80%b8%e1%80%99%e1%80%bb%e1%80%ad%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 7, 2022 11:13 下午
下一篇 8月 9, 2022 9:02 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....