ထိုင်းသို့တင်ပို့မှလက်ကျန်ပြောင်းအဆင်ပြေမည်

ထိုင်းနိုင်ငံသို့တင်ပို့နိုင်သည့် လက်ကျန်ရက်များတွင် အမြန်ဆုံးတင်ပို့နိုင်ပါက ပြည်တွင်းလက်ကျန်ပြောင်းများ အတွက် အဆင်ပြေနိုင်မည်

ထိုင်းသို့တင်ပို့မှလက်ကျန်ပြောင်းအဆင်ပြေမည်

ထိုင်းနိုင်ငံသို့ မြန်မာပြောင်းတင်ပို့မှုအား စက်တင်ဘာ ၁ရက်မှ ဖေဖော်ဝါရီ ၁ရက်ထိ ၅ လတာ ပိတ်ထားခြင်းဖြစ်ရာ ယခုနှစ်ပြောင်းတင်ပို့မှုကို သြဂုတ်လကုန်ထိသာ တင်ပို့ခွင့်ကျန်တော့သဖြင့် ပို့ကုန်သမားများအနေဖြင့် အမြန်ဆုံးတင်ပို့နိုင်မှသာ လက်ကျန်ပြောင်း များအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ပြောင်းလုပ်ငန်းရှင်များထံက သိရသည်။

ပြည်တွင်းပြောင်းလက်ကျန်မှာ သြဂုတ်လဆန်းပိုင်းထိ ပြောင်းတန်ချိန် ၂၂၀၀၀၀ ကျော် အိတ်ရေ သိန်း ၄၀-၅၀ ခန့် ကျန်ရှိနေသေးကြောင်း ပြည်တွင်းဒေါ်လာဈေး  ၂၀၁၀ ကျပ် သို့ အပြောင်းအလဲ သတ်မှတ်ချက်ကြောင့် ပြောင်းဈေး ပြန်လည်မြင့်တက်လာသော်လည်း ယခင်ပြောင်းဈေး တစ်ပိဿာကျပ် ၁၀၀၀ကျော်သို့ မရောက်ရှိသေးကြောင်း ပို့ကုန်လိုင်စင်များ အမြန်ဆုံး ရရှိတင်ပို့နိုင်မှသာ လက်ကျန်ပြောင်းဈေးကွက် ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်း ကပြောသည်။

“သြဂုတ်လဆန်းပိုင်းထိ  ပြောင်းတန်ချိန် နှစ်သိန်း နှစ်သောင်းကျော် ပြောင်းတစ်တင်းခွဲအိတ်  သိန်း ၄၀-၅၀ ကြားလောက် ကျန်ရှိနေပါတယ်။ ဒေါ်လာဈေးအပြောင်းအလဲရှိလာတော့ ပြောင်းဈေးမြင့်တက်လာပါတယ်။ ပြည်တွင်းအစာစက်တွေကလည်း ထိုက်သင့်တဲ့ဈေးနဲ့ ပြောင်းဈေးမြှင့် ဝယ်ယူလာရင်တော့ လက်ကျန်ပြောင်းတွေအတွက်  အဆင်ပြေလာပါမယ်။ လက်ရှိမှာတော့ မြဝတီနယ်စပ်အရောင်းနဲ့ FOB သင်္ဘောတင်ပြောင်းတွေ အတွက် လိုင်စင်တွေကျနေပါပြီ။ အချို့ လိုင်စင်လျှောက်ရာမှာ လုပ်ငန်းကျွမ်းကျင်မှု မရှိသေးတော့ ကြန့်ကြာတဲ့ အခက်အခဲတွေရှိနေတာပါ။ လိုင်စင်ကိစ္စမြန်ဆန်သွားရင် နယ်စပ်အရောင်းက ပြန်ကောင်းလာမှာပါ” ဟု ၎င်းကပြောသည်။

ပြည်တွင်းပြောင်းစိုက်ပျိုးသူများအနဖြင့် ယခုနှစ်ပြောင်းစိုက်ပျိုးရာသီတွင် ရာသီဥတုကြောင့် ပြောင်းစိုက်ခင်းများ ပျက်စီးမှုများရှိနေခြင်း၊ စိုက်ပျိုးစရိတ်ကြီးမြင့်တက်ခြင်းကြောင့် စိုက်ပျိုးဧက လျော့ကျခြင်းများရှိနေရာ လာမည့် ပြောင်းရာသီတွင် ပြောင်းဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/13/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%be%e1%80%9c%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 9, 2022 9:02 下午
下一篇 8月 13, 2022 3:01 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....