The 5th edition of China International Import Expoတွင်မြန်မာနိုင်ငံကOnlineမှပါဝင်ပြသမည်

(၅) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက အွန်လိုင်းမှတဆင့် ပါဝင်ပြသမည်

The 5th edition of China International Import Expoတွင်မြန်မာနိုင်ငံကOnlineမှပါဝင်ပြသမည်

လာမည့် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံ ရှန်ဟိင်းမြို့၌ ကျင်းပမည့် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၅၀ ကျော်မှ အွန်လိုင်းမှတစ်ဆင့် ပါဝင်ခင်းကျင်းပြသကြမည်ဟု ပြပွဲကျင်းပရေးကော်မတီက အတည်ပြုထားကြောင်း သိရသည်။

လက်ရှိတွင် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ကျင်းပရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိသည်ဟုဆိုသည်။

The 5th edition of China International Import Expoတွင်မြန်မာနိုင်ငံကOnlineမှပါဝင်ပြသမည်

ကုန်စည်ပြပွဲသို့ ပင်လယ်ရပ်ခြားမှကုမ္ပဏီများ ပါဝင်ကြပြီး စာချုပ်ချုပ်ဆိုထားသော ပြပွဲဧရိယာမှာ စီစဉ်ထားသောဧရိယာ၏ ၉၀% ခန့် ရှိရာ ၎င်းတို့အနက် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီများနှင့် လုပ်ငန်းနယ်ပယ်မှ ထိပ်တန်းကုမ္ပဏီများ ၂၇၀ ကျော် ပါဝင်သည်။ ထို့အတူ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၅၀ ကျော်မှ အွန်လိုင်းမှတစ်ဆင့် ပါဝင်ခင်းကျင်းပြသကြမည်ဖြစ်သည်။

(၅) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် နည်းပညာဆိုင်ရာ စက်ပစ္စည်းပြပွဲဧရိယာတွင် ဉာဏ်ရည်တု သီးသန့်ဧရိယာကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/13/the-5th-edition-of-china-international-import-expo%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 13, 2022 2:59 下午
下一篇 8月 16, 2022 10:10 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....