“ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှု ရက်ထပ်မံတိုးမြှင့်

“ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှု ရက်ထပ်မံတိုးမြှင့်

“ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှု ရက်ထပ်မံတိုးမြှင့်

“ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ” ခေါင်းစဉ်ဖြင့် ပြည်တွင်းပြည်ပရှိ လူငယ်လေးများ ဗီဒီယိုတင်ဆက်မှုပုံစံဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုများကို နှီးနှောဖလှယ်ပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာများကို မိတ်ဆက်မျှဝေသည့် “ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှုကို စက်တင်ဘာလကုန်အထိ ရက်ထပ်မံတိုးမြှင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အသက် (၁၃) နှစ်မှ (၁၆) နှစ်ကြား မြန်မာလူငယ်လေးများသည် အဆိုပါ “ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှုပွဲတွင် ပိုမိုပါဝင်ဆင်နွှဲကာ ချစ်ကြည်ရေး၏ ပေါင်းကူးတံတားနှင့် ယဉ်ကျေးမှု၏ သံတမန်များအနေဖြင့် တရုတ်နှင့် မြန်မာလူငယ်များအကြား အပြန်အလှန် နှီးနှောဖလှယ်မှုနှင့် နားလည်သိရှိမှုတို့ကို တိုးမြှင့်လုပ်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

စိတ်ဝင်စားသော မြန်မာလူငယ်လေးများအနေဖြင့် လှုပ်ရှားမှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာတို့တွင် ဝင်ရောက်လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။

အဆိုပါလှုပ်ရှားမှုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ Guangming Online စသည့် ဌာနအဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုဖြင့် တရုတ်နိုင်ငံ စုန့်ချင်လင် လူငယ်ဆိုင်ရာ သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှုစင်တာ (The China Soong Ching Ling Science & Culture Center for Young People) မှ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့်အတူ ပူးပေါင်းကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/16/%e1%80%9a%e1%80%89%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%9e%e1%80%b6%e1%80%90%e1%80%99%e1%80%94%e1%80%ba%e1%80%84%e1%80%9a%e1%80%ba-%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 16, 2022 10:11 下午
下一篇 8月 16, 2022 10:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....