အစားအစာတီထွင်ဆန်းသစ်မှုဌာနဆောက်လုပ်ပြီးစီး

အစားအစာတီထွင်ဆန်းသစ်မှုဌာန ဆောက်လုပ်ပြီးစီးခြင်းနှင့် သစ်သီးအခြောက်ခံမှုလေ့ကျင့်ရေး စတင်ခြင်းအခမ်းအနား ကျင်းပ

အစားအစာတီထွင်ဆန်းသစ်မှုဌာနဆောက်လုပ်ပြီးစီး

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် လန်ချန်း-မဲခေါင်ဒေသတွင်း သစ်သီးဝလံထုတ်ကုန်များဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး သုတေသန စီမံကိန်း ဖြစ်သော အစားအစာတီထွင်ဆန်းသစ်မှုဌာန ဆောက်လုပ်ပြီးစီးခြင်းနှင့် သစ်သီးအခြောက်ခံမှု လေ့ကျင့်ရေးစတင်ခြင်း အခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Zheng Zhihong တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့  ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက အွန်လိုင်းမှအမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံအခြေစိုက် မဲခေါင်မြစ်ဒေသနိုင်ငံသံတမန်များ သို့မဟုတ် ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ သက်ဆိုင်ရာဌာန၊ တက္ကသိုလ်နှင့် အဖွဲ့အစည်းကိုယ်စားလှယ်တို့ တက်ရောက်ခဲ့သည်။

အစားအစာတီထွင်ဆန်းသစ်မှုဌာနဆောက်လုပ်ပြီးစီးအစားအစာတီထွင်ဆန်းသစ်မှုဌာနဆောက်လုပ်ပြီးစီး

မြို့ပြဖြစ်တည်မှုအတိုင်းအတာမြှင့်တင်လာမှုနှင့် လူတို့ဝင်ငွေတိုးများလာသည်နှင့်အမျှ သစ်သီးနှင့် သစ်သီးအချောကိုင်ကုန်ပစ္စည်းများ စားသုံးမှုပမာဏအဆက်မပြတ် တိုးများလာကြောင်း၊ သစ်သီးထုတ်ကုန်အချောကိုင်ခြင်းနည်းပညာနှင့် စက်ပစ္စည်းများ ဖော်ဆောင်တင်သွင်းရာတွင် နည်းပညာဆန်းသစ်တီထွင်မှုကို အပြည့်အဝအသုံးချနိုင်ကြောင်း၊ သစ်သီးအချောကိုင်ထုတ်ကုန် အရည်အသွေးနှင့် တန်ဖိုးများကို ထိရောက်စွာကူညီမြှင့်တင်နိုင်ကာ Industry chain ဖြန့်ကျက်၍ လုပ်ငန်းခွင်ဝင်မှုတိုးမြှင့်ပြီး ပြည်သူလူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုကြောင်း၊ အစားအစာတီထွင်ဆန်းသစ်မှုဌာန ဆောက်လုပ်ပြီးစီးခြင်းနှင့် သစ်သီးအခြောက်ခံမှုလေ့ကျင့်ရေးတွင် သစ်သီးအချောကိုင်လုပ်ငန်းကုမ္ပဏီများက ခေတ်မီသည့်နည်းပညာမျှဝေမှုကိုဖော်ဆောင်နိုင်ပြီး မဲခေါင်မြစ်နိုင်ငံ အစားအစာအချောကိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေး၍ ပိုမိုများပြားသည့် လယ်ယာထွက်ကုန်များတင်ပို့မှုကို မြှင့်တင်နိုင်မည်ဟုမျှော်လင့်ကြောင်း သံမှူးကြီး Mr. Zheng Zhihong က ပြောကြားခဲ့သည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/16/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%90%e1%80%ae%e1%80%91%e1%80%bd%e1%80%84%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%85%e1%80%ba%e1%80%99%e1%80%be/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 16, 2022 10:10 下午
下一篇 8月 16, 2022 10:12 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....