စက်သုံးဆီဆေး အဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ

စက်သုံးဆီဆေး အဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ

စက်သုံးဆီဆေး အဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဩဂုတ်လ ၁၄ရက်နေ့ စက်သုံးဆီရည်ညွန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ရန်ကုန်ဈေး ၂၃၂၀ ကျပ်၊ မန္တလေးဈေး ၂၃၆၅ ကျပ်၊ နေပြည်တော်ဈေး ၂၃၆၀ ကျပ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က 92 Ron တစ်လီတာလျှင် ရန်ကုန်ဈေး ၁၆၁၅ ကျပ်၊ မန္တလေးဈေး ၁၆၆၀ ကျပ်၊ နေပြည်တော်ဈေး ၁၆၅၅ ကျပ်နှုန်း သတ်မှတ်ထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့တွင် ဗဟိုဘဏ်၏ သတ်မှတ် ဒေါ်လာငွေလဲနှုန်း ၂၁၀၀ ကျပ် ပြောင်းလဲသတ်မှတ်ခဲ့ပြီးနောက်တွင် 92 Ron တစ်လီတာ သတ်မှတ်ဈေးမှာ ၁၈၀၀ ကျော်သွားပြီး တစ်ပတ်အကြာတွင် ၂၃၀၀ ကျပ်ကျော်ထိ မြင့်တက်လာခြင်း ဖြစ်သည်။

စက်သုံးဆီဆေး အဆမတန်မြင့်တက်ပြီး ဝယ်ယူရခက်ခဲ

“ဆီဈေးတွေ မတရားတက်သွားတယ်။ ဒါပေမယ့်လည်း ဆိုင်တွေက ရောင်းမပေးဘူး။ ပိတ်ထားတဲ့ဆိုင်က များတယ်။ ရတယ်ဆိုတဲ့ဆိုင်မှာ တန်းရှည်စီပြီး တိုးဝှေ့ဝယ်ရတယ်။ ဒါတောင်မှ လိုသလောက် ရောင်းမပေးဘူး။ ဆီရဖို့အတွက် တစ်မြို့လုံးပတ်ပြီးရှာနေရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ဩဂုတ်လ ၁၄ရက်နေ့ သတ်မှတ်ထုတ်ပြန်သည့် စက်သုံးဆီရည်ညွန်းဈေးနှုန်းမှာ ရန်ကုန်မြို့အတွက် 92 Ron တစ်လီတာ ၂၃၂၀ကျပ်၊ 95 Ron တစ်လီတာ ၂၃၉၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၂၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၅၅ ဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/16/%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae%e1%80%86%e1%80%b1%e1%80%b8-%e1%80%a1%e1%80%86%e1%80%99%e1%80%90%e1%80%94%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%b7/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 13, 2022 3:01 下午
下一篇 8月 16, 2022 10:11 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....