COVID-19ကုသဆေးဝါး“PACLOVID ”Pacific Medical Industries Ltd မှထုတ်လုပ်နိုင်ခဲ့

COVID-19 ရောဂါကုသဆေးဝါး (သောက်ဆေး) ကို “PACLOVID ” အမည်ဖြင့် Pacific Medical Industries Ltd မှ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့

COVID-19ကုသဆေးဝါး“PACLOVID ”Pacific Medical Industries Ltd မှထုတ်လုပ်နိုင်ခဲ့

COVID-19 ရောဂါကုသခြင်းအတွက် နောက်ဆုံးပေါ်ကုသဆေးဝါး (သောက်ဆေး) ကို “PACLOVID ” အမည်ဖြင့် Pacific Medical Industries Ltd က အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကာ သြဂုတ် ၁၀ ရက်က FDA Myanmar ၏ခွင့်ပြုချက်ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

Covid-19 ရောဂါကုသခြင်းအတွက် နောက်ဆုံးပေါ်ကုသဆေးဝါး (သောက်ဆေး) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)အပါအ၀င် US FDA, UK MHRA, Korea FDA, Singapore FDA အပါအဝင် ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေး အဖွဲ့အစည်း များမှ မှထောက်ခံထားသော PAXLOVID (Nirmatrelvir 150mg; Ritonavir 100mg (2)မျိုးပါ) ဗိုင်းရပ်ကုသဆေးအား မြန်မာပြည်နိုင်ငံအတွင်းရှိ နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ မှ ပြည်တွင်းရှိပညာရှင်များ နိုင်ငံခြားသားပညာရှင်များ ပူးပေါင်း၍ အဆင့်ဆင့် research & development ပေါင်းများစွာပြုလုပ်ပြီး branded generic PACLOVID (Nirmatrelvir 150mg; Ritonavir 100mg) အမည်ဖြင့် ထုတ်လုပ်အောင်မြင်ပြီး မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှုဌာန Myanmar FDA မှ ထောက်ခံစာအမှတ် (2308ND012) ဖြင့်ခွင့်ပြုချက်အား ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့တွင် အောင်မြင်စွာ ရရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Pacific Medical Industries Ltd (PMI) ဆေးဝါးစက်ရုံသည် ယခင် Delta နှင့် Omicron Covid ပိုးများကူးစက်စဉ်ကာလများတွင် FAVIPAC 200, 400 ကို၎င်း၊ MOLNUPAC 200, 400 ကို၎င်း အရည်အသွေးပြည့်မှီစွာထုတ်လုပ်ပြီး သင့်တင့်မျှတသောဈေးနှူန်းများဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးကာ မြန်မာပြည်သူလူထု၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

PACLOVID ( Nirmatrelvir 150mg; Ritonavir 100mg) ဆေးသည် Covid-19 ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းလျော့နည်းစေခြင်း ၊ Covid-19 ရောဂါ ဆိုးရွားစွာ ကူးစက်ခံနေရသူများ စောလျင်စွာကုသနိုင်ပါက သေဆုံးမှုနှုန်းအား ၉၀ရာခိုင်နှုန်း ထိလျော့ချပေးနိုင်ခြင်း အပြင် delta နှင့် omicron မျိုးစိတ်များအား (ဓါတ်ခွဲစမ်းသပ်ချက်အရ) အောင်မြင်စွာ ကုသနိုင်ခြင်း၊ အသက် ၁၂ နှစ် အထက် ကိုယ်အလေးချိန် 40kg အထက်ကလေးများအား ကုသမှုပေးနိုင်ခြင်း စသည်ကောင်းကျိုးများရှိသည့် နောက်ဆုံးပေါ်ကိုဗစ်ကုသဆေး (သောက်ဆေး) ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/16/covid-19%e1%80%80%e1%80%af%e1%80%9e%e1%80%86%e1%80%b1%e1%80%b8%e1%80%9d%e1%80%ab%e1%80%b8paclovid-pacific-medical-industries-ltd-%e1%80%99%e1%80%be%e1%80%91%e1%80%af%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 16, 2022 10:12 下午
下一篇 8月 16, 2022 10:15 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....