ပို့ကုန်ရငွေရဲ့၆၅%ကို၁ရက်အတွင်းကျပ်ငွေလဲရမည်

ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို အလုပ်လုပ်ရက် ၁ ရက်အတွင်း ကျပ်ငွေ လဲရမည်ဟု ဗဟိုဘဏ် ထပ်မံ ထုတ်ပြန်

ပို့ကုန်ရငွေရဲ့၆၅%ကို၁ရက်အတွင်းကျပ်ငွေလဲရမည်ပို့ကုန်ရငွေရဲ့၆၅%ကို၁ရက်အတွင်းကျပ်ငွေလဲရမည်

ပို့ကုန်သမားများ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာ ကျပ်ငွေ လဲလှယ်ရမည်ဟု ဗဟိုဘဏ်က ဩဂုတ်လ ၁၆ ရက်နေ့ နေ့စွဲဖြင့် ထပ်မံ ထုတ်ပြန်လိုက်သည်။

ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)၏ သတ်မှတ်ချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ်(၃၆/၂၀၂၂)ကို ထပ်မံ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကျန်ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအား ပို့ကုန်တင်ပို့သူမှ ကိုယ်တိုင်သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ် မဟုတ်သည့် အခြားသူများထံသို့ လွှဲပြောင်းခြင်းနှင့် AD လိုင်စင်ရ ဘဏ်များသို့ ရောင်းချခြင်းတို့ကို Transaction ဖြင့် ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။

ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေလွှဲပြောင်းရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသည် လွှဲပြောင်းရယူထားသည့် ပို့ကုန်ရငွေအား ကိုယ်တိုင်သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များသို့သာ ရောင်းချခြင်းတို့ကိုသာ ဆောင်ရွက်ပေးရမည်ဟုဖော်ပြပါရှိသည်။

ပို့ကုန်ရငွေဝင်ရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း၌ ဆောင်ရွက်ရမည်ဖြစ်ကာ သတ်မှတ်ရက်ပြည့်ပြီး သုံးစွဲမှုမရှိဘဲ ကျန်ရှိသည့် ငွေများအား AD လိုင်စင်ရဘဏ်များသို့ရောင်းချရမည်ဖြစ်ပြီး Cross-border transaction များအား နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ ၏ အတည်ပြုချက်ရယူရယူပြီးမှ လုပ်ဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/18/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9b%e1%80%84%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7%e1%81%86%e1%81%85%e1%80%80%e1%80%ad%e1%80%af%e1%81%81%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 18, 2022 8:47 下午
下一篇 8月 23, 2022 9:18 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....