မုံရွာမြို့ခရီးဝေးပြေးယာဉ်များယာဉ်စီးခမြင့်တက်

စက်သုံးဆီဈေးကြီးမြင့်မှုနှင့်အတူ မုံရွာမြို့အခြေစိုက်၍ ခရီးဝေးပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များ၏ယာဉ်စီးခမြင့်တက်လာ

မုံရွာမြို့ခရီးဝေးပြေးယာဉ်များယာဉ်စီးခမြင့်တက်

မုံရွာမြို့အခြေစိုက်၍ ခရီးဝေးပြေးဆွဲနေသောကားဂိတ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း ယာဉ်စီးခ ကျပ် ၂၀၀၀ မှ ၅၀၀၀ ကြား စျေးတက်သွားကြောင်း ကားဂိတ်များကသိရသည်။

ယခုရက်ပိုင်းတွင် စက်သုံးဆီ ဝယ်ယူရခက်ခဲခြင်းနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းနောက်တွင် ယာဉ်စီးခများသည်လည်း ဈေးမြင့်တက်လာခြင်းဖြစ်သည်။

“မုံရွာ-မြစ်ကြီးနားခရီးမှာ ခရီးသည်တစ်ယောက် ၄၀၀၀၀ ကျပ်ယူပါတယ်။ အရင် ၁၅ရက်လောက်က ၃၅၀၀၀ ကနေ အခု ၅၀၀၀ တက်ပြီး ယူရတာပါ။ အစစစျေးကြီးတဲ့အတွက် မဖြစ်မနေ တက်ရတာပါ။ ခရီးသည်ကတော့မရှိပါဘူး” ဟု ဂျိန်းဖော့ရွှေမြေကားဂိတ် လက်မှတ်ရောင်းသူထံမှသိရသည်။

မုံရွာမြို့ခရီးဝေးပြေးယာဉ်များယာဉ်စီးခမြင့်တက်

မုံရွာမြို့မှ ရန်ကုန်ပြေးဆွဲနေသော ကားဂိတ်အများစုသည် လွန်ခဲ့သည့်တစ်လခန့်မှစ၍ ခရီးသည်တစ်ဦး ကျပ် ၂၀၀၀ စျေးတက်ယူသည်များရှိသလို ယခုရက်ပိုင်းအတွင်းမှ ကျပ် ၂၀၀၀ တက်ယူသောဂိတ်များလည်း ရှိကြောင်းသိရသည်။

“ကျပ် ၂၂၀၀၀ တန်က ၂၄၀၀၀ တက်သွားတာပါ။ ရွှေစင်စင်္ကြာက ၂၀၀၀၀ က ၂၂၀၀၀၊ လုမ္ဗနီက ၃၀၀၀၀၊ Elite က ၂၄၀၀၀၊ ပြီးခဲ့တဲ့ ၂ ရက်က Famousက ၂၃၀၀၀ကနေ ၂၅၀၀၀တက်သွားတယ်” ဟု နေလကြယ် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်နေသူ ကိုညီညီကပြောသည်။

မုံရွာမြို့တွင် မကြာသေးမီက အသစ်ဖွင့်လှစ်ထားသော အဝေးပြေးခရီးသည်ယာဥ်ကားကြီးကွင်းတွင် မုံရွာအခြေပြုပြေးဆွဲနေသော ကားကြီးဂိတ် ၃၀ ရှိပြီး မုံရွာတောင်ရပ်ကွက်ရှိ ကားလေးဂိတ်ဟောင်းတွင် ကားလေးဂိတ် ၇၀ ကျော်ရှိကြောင်း ပုဂ္ဂလိကမော်တော်ယာဥ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီ၏ စာရင်းများအရသိရသည်။

ခရီးသည်တင်ကားအများစု ကုန်လက်ခံရာတွင် ကုန်ကိုကြည့်၍
အမြင်ဖြင့်ဆုံးဖြတ်သည့် စျေးနှုန်းရယူနေခြင်းဖြစ်ကြောင်းသိရသည်။

“ကုန်လက်ခံတာက ကားဂိတ်တွေမှာ လက်ခံကြတာပါ။ ဂျာနယ်အလိပ်တစ်လိပ်ကို ရန်ကုန်ကဆို ၂၀၀၀-၂၅၀၀ ပေးရတယ်။ မန္တလေးကပို့ရင်တော့ ၁၀၀၀ လောက်ပေးရတယ်”ဟု သတင်းစာ၊ ဂျာနယ်ရောင်းသူတစ်ဦး ကပြောသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/18/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9d%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 16, 2022 10:15 下午
下一篇 8月 18, 2022 8:46 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....