ဆေးဝါးဝယ်ယူရခက်ခဲခြင်းများဖြစ်ပေါ်နေ

ကုန်ဈေးနှုန်းများမြင့်မားနေခြင်းနှင့်အတူ ဆေးဝါးဝယ်ယူရခက်ခဲခြင်းများဖြစ်ပေါ်နေ

ဆေးဝါးဝယ်ယူရခက်ခဲခြင်းများဖြစ်ပေါ်နေ

ယခုရက်ပိုင်းတွင် ကုန်ဈေးနှုန်းများမှာ အဘက်ဘက်က မြင့်တက်လျက်ရှိနေပြီး ဒေါ်လာစျေး အတက်အကျ၊ ရွှေဈေးအတက်အကျများအားလုံး အမြင့်ဈေးများဖြစ်ပေါ်နေကာ ဆေးဝါးပစ္စည်းစျေးနှုန်းများ အဆမတန် မြင့်တက်လာကာ ဆေးဝါးဝယ်ယူရခက်ခဲ့နေကြောင်း သိရသည်။

ရပ်ကွက်များရှိ လက်လီရောင်းချပေးနေသည့် ဆေးဆိုင်တချို့ အပါအဝင် ဆေးရုံများ၊ ဆေးဆိုင်ကြီးများတွင်ပါ ဆေးဝါးပြတ်လပ်မှုနှင့် အဆမတန်ဈေးတက်နေသည့် အခြေအနေများ ကြုံတွေ့နေရခြင်းလည်းဖြစ်သည်။

ဆေးဝါးဝယ်ယူရခက်ခဲခြင်းများဖြစ်ပေါ်နေ

“ဆေးတွေဝယ်ရခက်နေတယ်။ သောက်နေကြဆေးကို ဆိုင်တိုင်းမှာ ဝယ်မရဘူး။ ရတဲ့ဆိုင်ကလည်း လိုသလောက် ရောင်းမပေးဘူး။ အဖျားပျောက်ဆေး ပါရာစီတမော၊ ဒီကိုလ်ဂျင်တောင် ဈေးတွေက အရမ်းမြင့်နေပြီး အပိုဆောင်ထားဖို့တောင် ဝယ်မရတော့ဘူး” ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ဆေးဝါးဈေးနှုန်းများမှာ လက်လီဝယ်ယူရာတွင် နှစ်ဆခန့်ထိ မြင့်တက်နေပြီး တစ်နေ့ထက်တစ်နေ့ သိသိသာသာ စျေးတက်နေခြင်းကြောင့် လက်လီရောင်းချသူများအတွက် အဆင်မပြေသကဲ့သို့ အချိန်ပြည့် ဆေးဝါးမှီဝဲနေရသူများအတွက်လည်း အဆင်မပြေမှုများရှိလာကြောင်း သိရသည်။

“ဈေးတွေက အရင် ၂၀၀၀-၃၀၀၀ လောက်ပေးရတာက အခု ၅၀၀၀-၆၀၀၀ ပေးနေရတယ်။ နှစ်ဆတောင် များသွားတယ်။ လုပ်ငန်းကလည်း ဟုတ်တိပတ်တိမဟုတ်တော့ ဆေးပုံမှန်ဝယ်သောက်နေရတာမှာ တော်တော်ကို ခက်ခဲလာပြီ” ဟု ပုံမှန်ဆေးဝယ်သောက်နေရသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့်လပိုင်းကစပြီး လက်ကားဖြန့်ချီသည့် ကုမ္ပဏီကြီးများက ဈေးနှုန်းတက်ခြင်း၊ အရောင်းပိတ်ခြင်းမျိုးရှိနေပြီး ပြန်လည်ရောင်းချပေးရာတွင် ယခင်က ဝယ်ယူထားသည့်စျေးနှုန်းနှင့် ကွာဟမှု ကြီးမားစွာရောင်းကြ‌သည့်အတွက် တစ်ဆင့်ပြန်လည်ရောင်းချသည့် လက်လီဆေးဆိုင်များ ခက်ခဲစွာရင်ဆိုင်ကြရကြောင်း ဆေးအရောင်းဆိုင်က သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/18/%e1%80%86%e1%80%b1%e1%80%b8%e1%80%9d%e1%80%ab%e1%80%b8%e1%80%9d%e1%80%9a%e1%80%ba%e1%80%9a%e1%80%b0%e1%80%9b%e1%80%81%e1%80%80%e1%80%ba%e1%80%81%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 18, 2022 8:46 下午
下一篇 8月 18, 2022 8:47 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....