မန္တလေးတွင်ဟိုတယ်မန်နေဂျာလင်မယားပစ်သတ်ခံရ

မန္တလေးမြို့ ၏လမ်းမကြီးတစ်ခုတွင် ဟိုတယ်မန်နေဂျာလင်မယားအား သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတွင်ဟိုတယ်မန်နေဂျာလင်မယားပစ်သတ်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ လမ်း၃၀နှင့်၅၇လမ်းထောင့်အနီးတွင် သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က အရပ်သားနှစ်ဦးအား အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သတင်းများအရသိရသည်။

ပစ်သတ်ခံရသူများသည် အွန်လိုင်းတွင်အထည်ရောင်းနေသူ ဦးစည်သူကိုကိုနှင့် ဇနီးဖြစ်သူ မြနန်းရုံဟိုတယ်မန်နေဂျာ ဒေါ်နှင်းဝေဝေလှိုင်တို့ ဖြစ်ကြောင်း သူတို့နှင့်ရင်းနှီးသောမိတ်ဆွေများက အတည်ပြု ပြောကြားကြသည်။

အဆိုပါလင်မယားသည် ဖြူနီကြား ကလစ်ဆိုင်ကယ်ဖြင့် လမ်း ၃၀ အတိုင်း အရှေ့မှအနောက်သို့ ဆိုင်ကယ်ဖြင့် စီးနင်းလာရာ အခင်းဖြစ်နေရာမှ ကိုက် ၂၀၀ ခန့်အကွာရှိ Unity ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့အရောက်တွင် အမည်မသိ အမျိုးသား ၂ ဦးမှ Czi ခဲနက် အမျိုးအစားဆိုင်ကယ်ဖြင့် လားရာတူ မောင်းနှင်၍ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ပြီး လမ်း ၃၀ လမ်းအတိုင်း အနောက်မှ အရှေ့သို့ ပြန်လှည့်မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု သက်ဆိုင်ရာသတင်းများအရ သိရသည်။

သေနတ်ဖြင့် ပစ်ခံရသည့် ဦးစည်သူကိုကိုတွင် ဦးခေါင်းနောက်စေ့မှ ယာဘက်နဖူးသို့ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ညိုးဘေး လျှပ်ထိဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ကောက်ဝတ်အပေါ် လျှပ်ထိဒဏ်ရာ ၁ ချက် နှင့်ဒေါ် နှင်းဝေဝေလှိုင်တွင် နောက်ကျောမှ ယာဘက်နို့အုံဖောက်ထွက်ဒဏ်ရာ ၁ ချက် ရရှိကာ အခင်းဖြစ်နေရာအရောက်တွင် လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် အခင်းဖြစ်နေရာဝန်းကျင်တွင် S &B 20 9×19 စာတန်းပါ ကျည်ခွံ ၆ ခွံ၊ Unity ကျောင်းရှေ့လမ်း ၃၀ လမ်းပေါ်တွင် အလားတူကျည်ခွံ ၁ ခွံ ပေါင်း ၇ ခွံတို့အား တွေ့ရှိခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါပစ်ခတ်သတ်ဖြတ်မှုသည် CID ရဲမှူးဟူ၍ စွတ်စွဲပြီး လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေပြီး အသတ်ခံရသည့်လင်မယားတွင် အသက် (၈)နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/23/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%9f%e1%80%ad%e1%80%af%e1%80%90%e1%80%9a%e1%80%ba%e1%80%99%e1%80%94%e1%80%ba%e1%80%94%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 23, 2022 9:18 下午
下一篇 8月 23, 2022 9:19 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....