မိုင်တိုင်(၂၅)တွင်၂၂ဘီးယာဉ်ချောက်တွင်းပြုတ်ကျ

ပြင်ဦးလွင်-မန္တလေးလမ်း မိုင်တိုင်အမှတ်(၂၅)တွင် ၂၂ဘီးယာဉ်တစ်စီး ချောက်အတွင်းပြုတ်ကျပြီး ယာဉ်မောင်းဖြစ်သူသေဆုံး

မိုင်တိုင်(၂၅)တွင်၂၂ဘီးယာဉ်ချောက်တွင်းပြုတ်ကျ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးလမ်းတွင် သြဂုတ်လ ၂၂ ရက် မွန်းလွဲပိုင်းက ၂၂ဘီးမော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောက်အတွင်းပြုတ်ကျခဲ့ပြီး ယာဉ်မောင်းဖြစ်သူသေဆုံးကာ ယာဉ်နောက်လိုက်ဖြစ်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံကသိရသည်။

အာလူးများတင်ဆောင်လာသည့် ၂၂ဘီးမော်တော်ယာဉ်တစ်စီးသည် သြဂုတ်လ၂၂ရက် မွန်းလွဲ၁နာရီခန့်က ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးလမ်း မိုင်တိုင်အမှတ်(၂၅)ရှိ ကျောက်ကြမ်းကွေ့ အရှိန်ထိန်းသဲကွင်း အနီး ချောက်အတွင်းသို့ ပြုတ်ကျသွားခြင်းဖြစ်ပြီး  ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်မီးသတတပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်(အခမဲ့) နာရေးကူညီမှုအသင်းမှ အသင်းဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

မိုင်တိုင်(၂၅)တွင်၂၂ဘီးယာဉ်ချောက်တွင်းပြုတ်ကျမိုင်တိုင်(၂၅)တွင်၂၂ဘီးယာဉ်ချောက်တွင်းပြုတ်ကျမိုင်တိုင်(၂၅)တွင်၂၂ဘီးယာဉ်ချောက်တွင်းပြုတ်ကျ

အခင်းဖြစ်ပွားရာနေရာရှိ မော်တော်အတွင်း ယာဉ်မောင်းဖြစ်သူ သေဆုံးနေခဲ့ကာ ဒဏ်ရာရရှိခဲ့သည့် ယာဉ်နောက်လိုက်နှစ်ဦးအား ရှာဖွေကယ်ဆယ်၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/23/%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%81%82%e1%81%85%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%81%82%e1%81%82%e1%80%98%e1%80%ae%e1%80%b8%e1%80%9a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 23, 2022 9:19 下午
下一篇 8月 26, 2022 9:01 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....