နယ်စပ်ကူးစက်ရောဂါတိုက်ဖျက်ရေးပဉ္စမကြိမ်ဆွေးနွေးပွဲ

တရုတ်-မြန်မာနယ်စပ် ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပဉ္စမအကြိမ် လုပ်ငန်းအဆင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နယ်စပ်ကူးစက်ရောဂါတိုက်ဖျက်ရေးပဉ္စမကြိမ်ဆွေးနွေးပွဲ

ဩဂုတ်လ ၂၄ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ် ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပဉ္စမအကြိမ် လုပ်ငန်းအဆင့် ညှိနှိုင်းဆွေးနွေးပွဲကို အွန်လိုင်းကတဆင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ်မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ကိုယ်စားလှယ်တို့သည် အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အားလုံးအတူအကွ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တရုတ် နိုင်ငံသားများနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုံခြုံရေး အားကောင်းရေး၊ ဆက်လက်၍ နယ်စပ်ကုန်သွယ်မှု ပုံမှန်ပြန်လည်ရရှိရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန် အကောက်ခွန်ရှင်းလင်းရေး၊ တရုတ်-မြန်မာ ဝန်ထမ်းများ ဖလှယ်ရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ရေး စသည့် ခေါင်းစဉ်များဖြင့် နက်နက်ရှိုင်းရှိုင်း အမြင်ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း မန္တလေးအခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/26/%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 26, 2022 9:02 下午
下一篇 8月 27, 2022 8:38 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....