ပြည်တွင်း၌ပြောင်းရှားလာသဖြင့် ပြောင်းစျေးများ ပြန်လည်မြင့်တက်လာ

ပြည်တွင်း၌ပြောင်းရှားလာသဖြင့် ပြောင်းစျေးများ ပြန်လည်မြင့်တက်လာ

ပြည်တွင်း၌ပြောင်းရှားလာသဖြင့် ပြောင်းစျေးများ ပြန်လည်မြင့်တက်လာ

ငွေလဲလှယ်နှုန်းအပြင် ပြည်တွင်း၌ပြောင်း ရှားပါးလာသည့်အတွက် ကျဆင်းနေသည့်ပြောင်းစျေးမှာ ပြန်တက်လာကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှသိရသည်။

နှစ်စဉ်ယခုကဲ့သို့သောကာလများတွင် အရောင်းအဝယ်ကောင်းကာ စျေးကောင်းရရှိသည့်ကာလ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ငွေကြေးမူဝါဒများ၊ ပို့ကုန်၊ ထုတ်ကုန်မူဝါဒအပြောင်းအလဲကြောင့် ပြောင်းစျေးမှာ ထိုးကျခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ငွေစျေး ၁,၈၅၀ မှ ၂,၁၀၀ သို့ ပြောင်းလဲလိုက်သည့် အရှိန်ကြောင့် လက်ရှိတွင် အနည်းငယ် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“အခု ငွေလဲလှယ်နှုန်းကိစ္စရယ်၊ ပြောင်းရှားပါးလာတာရယ် အဲ့အခြေအနေလေးတွေဖြစ်နေလို့ ပြောင်းစျေးတက်လာတယ်။ လာမယ့်နှစ်မှာလဲ ပြောင်းစိုက်ဧက လျော့မယ်။ ဒါပေမဲ့ဝယ်လိုအားက လျော့သွားမှာမဟုတ်ဘူး။ ပြည်ပကို မြန်မာနိုင်ငံတစ်ခုထဲကပဲ ပြောင်းတင်ပို့မဲ့ နိုင်ငံရှိတာဖြစ်တဲ့အတွက် ဝယ်လိုအားကောင်းလာမယ်” ဟုပြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်များက လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရမည့်ကာလ ကုန်ဆုံးတော့မည်ဖြစ်၍ လုပ်ငန်းရှင်များမှာ အပြိုင်အဆိုင်တင်ပို့ကြသည့်ကာလဖြစ်၍ ဝယ်လိုအားများပြီး စျေးကောင်းရသည့်ကာလ ဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံသို့တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်က တရားဝင် အချက်အလက်များအရ စုစုပေါင်း ၂.၃ သန်းကျော် ၄သန်းနီးပါးအထိ ရှိခဲ့ပြီး လက်ရှိအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်တင်ပို့မှုလျော့ကျနေပြီး ပုံမှန်အခြေအနေသို့ ပြန်မရောက်ရှိသေးကြောင်း သိရသည်။

ယခုနှစ် နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့တင်ပို့နေပြီး ပင်လယ်ရေကြောင်းမှတဆင့် Normal Trade အနေဖြင့် အိန္ဒိယ၊ ဖိလစ်ပိုင် နှင့် ဗီယမ်နမ် ဘက်သို့ အနည်းငယ်သာတင်ပို့နေပြီး လက်ရှိတွင် နယ်စပ်ဂိတ်တစ်ခုသာ တင်ပို့မှုရှိကြောင်းသိရသည်။

နှစ်စဉ် ပြည်တွင်း၌တစ်နှစ်လျှင် စိုက်ပျိုး ထုတ်လုပ်သည့် ပြောင်းတန်ချိန် ၂.၃ သန်း နှင့် ၂.၆ သန်း ကြားတွင် ထွက်ရှိလျှက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်း လျော့ကျကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/26/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%81%8c%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%ac%e1%80%b8%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 23, 2022 9:19 下午
下一篇 8月 26, 2022 9:02 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....