လေးရက်အတွင်း တရားမဝင်ကုန်ပစ္စည်းတန်ဖိုး ၈၅၇ သန်းဖို့ သိမ်းဆည်းရမိ

လေးရက်အတွင်း တရားမဝင်ကုန်ပစ္စည်းတန်ဖိုး ၈၅၇ သန်းဖို့ သိမ်းဆည်းရမိ

လေးရက်အတွင်း တရားမဝင်ကုန်ပစ္စည်းတန်ဖိုး ၈၅၇ သန်းဖို့ သိမ်းဆည်းရမိ

သြဂုတ်လ ၂၃ရက်၊ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၄ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၇၃၉၇၂၇၆ ရှိကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

လေးရက်အတွင်း ဖမ်းဆီးရမိသော တရားမဝင်ကုန်ပစ္စည်းများတွင်တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ လုပ်ငန်းသုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်းနှင့် မော်တော်ယာဉ်များ ပါဝင်ကြောင်း သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် ကုန်ပစ္စည်းများ၊ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ကုန်ပစ္စည်းများ အပါအဝင် တရားမဝင်သယ်ဆောင်လာသော ကုန်ပစ္စည်းများကို အချိန်နှင့်တပြေးညီ ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/27/%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%80%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%99%e1%80%9d%e1%80%84%e1%80%ba%e1%80%80%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 26, 2022 9:03 下午
下一篇 8月 28, 2022 9:13 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....