၂၀၂၂ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက်ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ခရီးသွားလုပ်ငန်း စနစ်တကျဖွံဖြိုး တိုးတက်လာစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ ရန်ကုန်မြိုရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး၊ မန္တလေးမြိုရှိ ကောင်စစ်ဝန်ရုံးတို၏ ပံ့ပိုးကူညီမှုဖြင့် ဧည့်လမ်းညွှန်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် တရုတ်ဘာသာစကား သင်တန်းများအား အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ခရီးသွားဈေးကွက်တွင် အလားအလာကောင်းများရှိနေသည့် တရုတ်ဘာသာစကား သင်တန်းကို ပုဂံမြိုတွင် မကြာသေးမီရက်များကပင် ဖူးကျင့်နိုင်ငံတကာဘာသာ စကားသင်ကြားရေးဌာနနှင့် ပူးပေါင်းပြီး ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အတူ ရုရှားဘာသာစကား သင်တန်းကိုလည်း ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြိုများတွင် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။

၂၀၂၂ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ထို့ပြင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် စီမံကိန်းများလည်း ဆောင်ရွက်လျက်ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ခရီးသွားလုပ်ငန်း သုတေသနစီမံကိန်းနှင့်  မုန့်ဖုတ်အတတ်ပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း စီမံကိန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများအနေဖြင့် နိုင်ငံတော်မှ အားထားရသော သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရန်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် တတ်စွမ်းသမျှ ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူးက ပညာရည်ချွန်ဆု ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ထူးချွန်ဆုရ ကျောင်းသားကျောင်းသူ (၁၀) ဦးကို ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူး၊ ပညာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတိုမှ တာဝန်ရှိသူများက  ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို  ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။ အဆိုပါ အခမ်းအနားတွင် ထူးချွန်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၄၀)တို့ကို တစ်ဦးလျှင် ငွေကျပ်(၅)သိန်းနှုန်း ဖြင့် ငွေကျပ်သိန်း(၂၀၀)တန်ဖိုးရှိ ပညာရည်ချွန်ဆုများ ပေးအပ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/28/%e1%81%82%e1%81%80%e1%81%82%e1%81%82-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 28, 2022 9:13 下午
下一篇 8月 28, 2022 9:15 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....