မန္တလေးက Food Panda Rider များ လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒဖော်ထုတ်

စက်သုံးဆီဈေးမြင့်တက်နေသည်အညီ ထိုက်သင့်သည့် လုပ်အားခများရရှိရန် မန္တလေးက Food Panda Rider များ လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒဖော်ထုတ်

မန္တလေးက Food Panda Rider များ လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒဖော်ထုတ်

စက်သုံးဆီဈေးများ အဆမတန်မြင့်တက်လာခြင်းနှင့်အတူ ထိုက်သင့်မျှတသော လုပ်အားခ မရရှိဟုဆိုကာ မန္တလေးမြို့က Food Panda Riders များအနေဖြင့် သြဂုတ်လ၂၅ရက်မှ စတင်၍ လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒဖော်ထုတ်နေကြောင်း သိရသည်။

“လက်ရှိအချိန်မှာ စက်သုံးဆီဈေးက ခေါင်ခိုက်နေတဲ့အတွက် ကျနော်တို့ အလုပ်လုပ်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။ အရင်က ပို့ရတဲ့အော်ဒါတစ်ကြောင်းကို အခုချိန်မှာ အရင်ဈေးနဲ့ ပို့ရရင် အဆင်မပြေတဲ့အတွက် ထိုက်သင့်မျှတတဲ့လုပ်အားခကိုတော့ တာဝန်ရှိသူတွေအနေနဲ့ စီစဉ်ပေးမှသာ အလုပ်ကဆက်လုပ်လို့ရမှာပါ”ဟု မြို့ခံ Rider တစ်ဦးကပြောသည်။

ပြီးခဲ့သည့် မတ်လကလည်း Food Panda ကုမ္ပဏီက ပို့ဆောင်ကြေးများကို အဆမတန်လျော့ချ ဖြတ်တောက်သည်ဟုဆိုကာ ရန်ကုန်မြို့နှင့်မန္တလေးမြို့မှ Food Panda Raider များက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/28/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%80-food-panda-rider-%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 28, 2022 9:14 下午
下一篇 8月 30, 2022 8:53 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....