တရုတ်သို့တင်ပို့နေသည့် အိတ်စပို့ဖရဲသီးအလုံးကြီးမျိုးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပ

တရုတ်သို့တင်ပို့နေသည့် အိတ်စပို့ဖရဲသီးအလုံးကြီးမျိုးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပ

တရုတ်သို့တင်ပို့နေသည့် အိတ်စပို့ဖရဲသီးအလုံးကြီးမျိုးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပ

တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် အိတ်စပို့ ဖရဲသီးအလုံးကြီးမျိုး ပြိုင်ပွဲကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ပရိယတ္တိသာသနာ့ဟိတအသင်းနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖရဲသီးအလုံးကြီးမျိုးမှာ 855 ဖရဲသီးကြီးမျိုးဖြစ်ပြီး ပြိုင်ပွဲအတွက် ၁၆ ကီလိုဂရမ် အနည်းဆုံးရှိရမည်ဟု သတ်မှတ်ထားပါသည်။ ပြိုင်ပွဲဝင် ဖရဲသီး ၆၇ လုံးရှိပြီး သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များက အသီးညီညာမှု၊ အသီးပုံပန်းသဏ္ဍာန်၊ အချိုဓာတ်၊ အသားအရည်အသွေးနှင့်အရောင် စသည်တို့အပေါ်မူတည်ပြီး အကဲဖြတ်ရွေးချယ်ခဲ့ကြပါသည်။

တရုတ်သို့တင်ပို့နေသည့် အိတ်စပို့ဖရဲသီးအလုံးကြီးမျိုးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပတရုတ်သို့တင်ပို့နေသည့် အိတ်စပို့ဖရဲသီးအလုံးကြီးမျိုးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပတရုတ်သို့တင်ပို့နေသည့် အိတ်စပို့ဖရဲသီးအလုံးကြီးမျိုးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပတရုတ်သို့တင်ပို့နေသည့် အိတ်စပို့ဖရဲသီးအလုံးကြီးမျိုးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပ

အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့နေသည့် Known You Seed Myanmar Co., Ltd မှ ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး စိုက်ပျိုးတောင်သူအချင်းချင်း စိုက်ပျိုးနည်းပညာ ဖလှယ်နိုင်ရန်၊ စိုက်ကွင်းတွင် ကြုံတွေ့ရသောအခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းရာမှ ရလာသောဗဟုသုတများ မျှဝေရန်၊ ပိုမိုကောင်းမွန်သောအရည်အသွေးမြင့် ဖရဲသီးများ ထွက်ရှိလာရန်နှင့် ဈေးကွက်ပြိုင်ဆိုင်မှုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ နှစ်နှစ်လောက် ကိုဗစ်ရောဂါရဲ့သက်ရောက်မှုကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးက အခက်အခဲတွေရှိခဲ့ပြီး စိုက်ပျိုးတောင်သူတွေ အဆင်မပြေဖြစ်ခဲ့ရတယ်။ ဒါကို ကုစားပေးနိုင်ဖို့ ပြန်လည်အဆင်ပြေလာဖို့အတွက် အခုလိုပြိုင်ပွဲလုပ်ပေးပြီး ပြန်လည်စုစည်းပေးခဲ့တာဖြစ်ပါတယ်”ဟု Known You Seed Myanmar Co., Ltd မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြိုင်ပွဲတွင် ပထမဆု ဦးအောင်ကျော်ကျော် (တပ်ကုန်း)၊ ဒုတိယဆု ဦးသိန်းဇော်ဝင်း (ကျောက်တံတား)၊ တတိယဆု(၃)ဆု ဦးကျော်မင်းဦး (စဉ့်ကိုင်)၊ ဦးမောင်စန်း (ကျောက်ဆည်)၊ ဦးရွေထွန်းသော် (စဉ့်ကိုင်) အသီးသီးရရှိကြကြောင်း သိရသည်။

ကိုခန့်
ဓာတ်ပုံ – မောင်မောင်လှတင့် (မန်းတက္ကသိုလ်)

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/08/30/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%b1%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 28, 2022 9:15 下午
下一篇 8月 30, 2022 2:36 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....