မုံရွာပွဲရုံများတွင် ကြက်သွန်နီ တက်စျေးဖြင့် ရောင်းချလျက်ရှိ
ကြက်သွန်နီ ခေါင်စတစ်ပိသာ ကျပ် ၃၀၀၀ ဖြင့် မုံရွာပွဲရုံများတွင် သြဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ စျေးတက်ရောင်းချနေကြောင်း ပဒေသာပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းဦး ထံမှသိရသည်။
“ဒီနေ့ကစပြီး စျေးတက်ရောင်းတာပါ။ ၁၈၀၀ တန်က ၂၀၀၀ တက်ရောင်းတာပါ။ ၂၂၀၀ တန်လည်း ရောင်းတယ်။ ကြက်သွန်နီမျိုးတွေက ၁၄၀၀၊ ၁၅၀၀ ရောင်းတယ်။ ကြက်သွန်နီခေါင်စဆိုရင် တစ်ပိသာ ကျပ် ၃၀၀၀ လောက် ရောင်းတယ်”ဟု ဒေါ်သန်းသန်းဦး ကပြောသည်။
စောစောရက်များက ကြက်သွန်နီစျေးတန့်နေရာမှ သြဂုတ်လ ၃၀ ရက်မှစ၍ စျေးတက်သွားခြင်း ဖြစ်သည်။ ကြက်သွန်နီခေါင်စ တစ်ပိသာ ကျပ် ၂၈၀၀၊ ၂၉၀၀ နှုန်းဖြင့်တန့်နေရာမှ ကျပ် ၃၀၀၀ ရောင်းနေခြင်းဖြစ်သည်။
လက်ရှိတွင် မုံရွာစျေးကွက်သို့ ချင်းတွင်းမြစ်အနောက်ဘက် ယင်းမာပင်နယ်မှလာသော ကြက်သွန်နီများ ရောင်းချနေခြင်းဖြစ်ပြီး တောင်သူများ၏လက်ဝယ်တွင် သိပ်မရှိတော့ပဲ ဂိုဒေါင်သမားများ လက်ထဲတွင်သာ ကြက်သွန်နီရှိတော့ကြောင်း သိရသည်။
“တောင်သူတွေကလည်း ပြေးလွှားနေတော့ မထားရဲဘဲ ရောင်းကြရတာပေါ့။ ရှေ့အလားအလာက စျေးတက်မယ်ထင်ထားကြတယ်။ ထင်ထားကြလို့ လက်ထဲချန်ထားကြသူတွေရှိတယ်” ဟု ဒေါ်သန်းသန်းဦး ကပြောသည်။
မုံရွာမြို့စျေးများတွင် လက်လီရောင်းသည့် ကြက်သွန်နီတစ်ပိသာစျေးသည် ခေါင်စကျပ် ၃၅၀၀၊ အလုံးအကြီးအသေးပေါ်မူတည်၍ ကျပ် ၃၂၀၀ နှင့် ၂၈၀၀ စျေးတို့ဖြင့်ရောင်းချနေသည်။
လက်ရှိမုံရွာစျေးကွက်တွင် ကြက်သွန်ဖြူများ ပြည်ပတရုတ်မှမဝင်တော့သဖြင့် ပြည်တွင်းစျေးကွက်တွင် တင်းခေါ်နေကြရာ ဗမာအသန့်မဟုတ် ရှမ်းမဟုတ်သည့် ကြားဖြူဟုခေါ်သော ကြက်သွန်ဖြူများလည်း စျေးကောင်းနေကြောင်း သိရသည်။
ချင်းတွင်းမြစ်အနောက်ဘက်ဒေသများကလာသည့် ကြားဖြူဟုခေါ်သည့် ကြက်သွန်ဖြူစျေးသည် တစ်ပိသာ ကျပ် ၃၅၀၀၊ ၃၈၀၀ နှင့်ခေါင်စ ကျပ်၄၀၀၀ စျေးရှိသည်။ ရှမ်းပြည်ကလာသည့် ကြက်သွန်ဖြူနံပါတ်တူးသည် တစ်ပိသာ ကျပ် ၂၆၀၀၊ နံပါတ်ဝမ်းသည် တစ်ပိသာ ၂၃၀၀ စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/01/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%95%e1%80%bd%e1%80%b2%e1%80%9b%e1%80%af%e1%80%b6%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%80%e1%80%bc/