မုံရွာပရိဘောဂစျေးကွက်တွင် အရောင်းအဝယ်ပါးပြီး အသစ်ထုတ်လုပ်ရောင်းချမှုမရှိသလောက်ဖြစ်နေ

မုံရွာပရိဘောဂစျေးကွက်တွင် အရောင်းအဝယ်ပါးပြီး အသစ်ထုတ်လုပ်ရောင်းချမှုမရှိသလောက်ဖြစ်နေ

မုံရွာပရိဘောဂစျေးကွက်တွင် အရောင်းအဝယ်ပါးပြီး အသစ်ထုတ်လုပ်ရောင်းချမှုမရှိသလောက်ဖြစ်နေ

မုံရွာမြို့ သာစည်လမ်းရှိ ပရိဘောဂစျေးကွက်တွင် ယခင်ပြုလုပ်ထားပြီးသော ပရိဘောဂထည်များကိုသာ ရောင်းချနေကြပြီး အသစ်ထုတ်လုပ် ရောင်းချခြင်းမရှိသလောက် ဖြစ်နေကြောင်း ပရိဘောဂဆိုင်များကသိရသည်။

“သစ်က မဝင်တာကြာပြီ။ ဖောင်တွေ မဆင်းနိုင်ကြတော့လို့ပါ။ ဝယ်ရခက်တယ်။ ကျွန်တော်တို့က သစ်ခွဲလိုင်စင်မရှိဘူး။ အရောင်းလိုင်စင်နဲ့ လုပ်နေတာပါ။ ပရိဘောဂကတော့ ပစ္စည်းကောင်းရင်ကောင်းသလို ရောင်းရတာပါ။ ရှိတဲ့ပကာခြမ်းနဲ့ပဲလုပ်ပြီး ရောင်းနေရတယ်။ ပစ္စည်းအရည်အသွေးအနေနဲ့ ခိုလို့မရဘူး။ ခိုလိုက်တာနဲ့ ရောင်းအားက ကျသွားတာပဲ။ ပရိဘောဂဆိုင်တွေကလည်း များလာတာဆိုတော့ တစ်ခုနဲ့တစ်ခု နှိုင်းယှဥ်ဝယ်ကြတယ်” ဟု မုံရွာမြို့ သာစည်လမ်းရှိ အောင်ရတနာပရိဘောဂဆိုင်မှ ကိုတင်အောင်မြင့် ကပြောသည်။

မုံရွာမြို့ သာစည်လမ်းတစ်လျှောက်တွင် ပရိဘောဂ အချောနှင့်အကြမ်းထည် ဆိုင်ပေါင်း၃၀ကျော်ရှိရာ အလယ်လတ်တန်းစား ပရိဘောဂထည်များသာ အရောင်းရှိနေကြောင်းသိရသည်။

“အခုလောလောဆယ် အိမ်သုံးကြောင်အိမ်၊ ကုတင်၊ တန်းလျားတွေ ရောင်းရတယ်။ နေရာအရွေ့အပြောင်းတွေက ကုတင်တို့ အိမ်သုံးတွေလိုကြတော့ ဝယ်ကြပါတယ်။ တစ်ရက်ကို ကျပ်တစ်သိန်းခွဲ နှစ်သိန်းဖိုး ရောင်းရပါတယ်။ နယ်လက်ဖောက်သယ်ပေးရရင်တော့ များများရောင်းရတယ်”ဟု ကိုတင်အောင်မြင့် ကပြောသည်။

လက်ရှိ ပရိဘောဂပစ္စည်း အရောင်းအဝယ် တော်တော်ပါးနေပြီး ကိုဗစ်ကာလနောက်ပိုင်းကစပြီး ပါးသွားရာက ပွဲလမ်းသဘင်အားထားရောင်းရသည့်အတွက် အရောင်းအဝယ်ပိုပါးနေခြင်း ဖြစ်ကြောင်း သိရသည်။

“အများသုံးနိုင်အောင် အလယ်လတ်တန်းစားကို ဦးစားပေးရောင်းတယ်။ အချောထည်က အော်ဒါအပ်မှ လုပ်ပေးတယ်။ ပစ္စည်းတစ်ခုခြင်းပေါ်မူတည်ပြီး ကျပ် ၆၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၆သိန်းတန်အထိ ရှိပါတယ်။ စျေးကသုံးတဲ့ပစ္စည်းဖိုးတက်လို့ စျေးမြင့်သွားတာပါ။ သံ၊ ဆေး၊ ကော်ပတ်၊ ကော် စတာတွေစျေးမြောက်သွားတယ်” ဟု ပရိဘောဂလုပ်သူတစ်ဦး ကပြောသည်။

ယခင်က ပွဲလမ်းသဘင်များတွင် ရောင်းရသည့်အတွက် အဆင်ပြေခဲ့သလို ဖောက်သည်လှိုင်လှိုင်ပေါ၍ နယ်အဝယ်ကားများလာသည့်အတွက် ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။ ယခုအခါ လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်အတွက် နယ်ကားများ မလာကြတော့သလို ပုံမှန်အဝယ်တော်များလည်း မလာကြတော့သည့်အတွက် အရောင်းအဝယ်ပါးကာ စားဝတ်နေရေး ကြပ်တည်းမှုနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/01/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%95%e1%80%9b%e1%80%ad%e1%80%98%e1%80%b1%e1%80%ac%e1%80%82%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 1, 2022 9:05 下午
下一篇 9月 1, 2022 9:07 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....