ကရင်ပြည်နယ်ရတနာရွှေဆိုင် ၂ ဆိုင် လုယက်ခံရ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် ၂ ဆိုင် လုယက်ခံရ

 ကရင်ပြည်နယ်ရတနာရွှေဆိုင် ၂ ဆိုင် လုယက်ခံရ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းကျေးရွာအတွင်းရှိ ရတနာရွှေဆိုင် ၂ ဆိုင်မှ ခန့်မှန်းကျပ်သိန်း ၆၂၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက် ခံရမှု ဩဂုတ်လ ၃၁ ရက်နေ့တွင် ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ မြို့မရပ်ကွက်ရှိ ရွှေဂွန်း-လက်ပံတန်း ကူးတို့ဆိပ်သို့ စက်လှေ ၂ စီး ဆိုက်ကပ်လာပြီး ၎င်းစက်လှေ ၂ စီးပေါ်မှ အကြမ်းဖက်သမား ၈ ဦး ဆင်းလာကာ တစ်ဦးမှ ကူးတို့ဆိပ်တွင် စောင့်နေခဲ့ပြီး ကျန် ၇ ဦးမှ မြို့မရပ်ကွက်အတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်၍ ကူးတို့ဆိပ်အနီးတွင် ဖွင့်လှစ်ထားသည့် “သရဖူ” အာမခံရတနာရွှေဆိုင်မှ ရောင်းချမည့် ရွှေထည်ပစ္စည်းများ ခင်းကျင်းပြသထားသည့် မှန်ကောင်တာ ၂ ခုနှင့် “ထွန်း” ရတနာရွှေဆိုင်မှ မှန်ကောင်တာ ၃ ခုတို့အား လုယက်သူများက သေနတ်ဒင်များဖြင့် ရိုက်ခွဲဖျက်ဆီးကာ ရွှေထည်များ လုယူသွားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်ရတနာရွှေဆိုင် ၂ ဆိုင် လုယက်ခံရ

ထို့သို့လုယူသွားရာ “သရဖူ” အာမခံ ရတနာရွှေဆိုင်မှ ရွှေလက်စွပ် ၁၀၀ ကွင်း၊ ရွှေလက်ကောက် ၂၀ ကွင်း၊ ရွှေဆံညှပ် ၄ ခု ခန့်မှန်းတန်ဖိုး ငွေသိန်း ၆၀၀ ခန့်နှင့် “ထွန်း” ရတနာရွှေဆိုင်မှ ရွှေနားကပ် ၁၀ ရံ ခန့်မှန်းတန်ဖိုး ငွေသိန်း ၂၀ ခန့်၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်း ၆၂၀ ခန့် ပါသွားပြီး လုယက်သူများက လက်ပံတန်းကျေးရွာဘက်သို့ စက်လှေဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့သည်ဟု သတင်းများအရသိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/03/%e1%80%80%e1%80%9b%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%9b%e1%80%90%e1%80%94%e1%80%ac%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%86%e1%80%ad%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 1, 2022 9:07 下午
下一篇 9月 3, 2022 10:33 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....