မြန်မာ-တရုတ်သီးနှံတင်မော်တော်ယာဉ်စိစစ်‌နိုင်ရေး

မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်‌ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာ-တရုတ်သီးနှံတင်မော်တော်ယာဉ်စိစစ်‌နိုင်ရေး

ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

နယ်စပ်ဂိတ်များမှ တစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို မကြာမီကာလအတွင်း စိုက်ပျိုးရေးထုတ်ကုန် တစ်သျှူးငှက်ပျောနှင့် အခြား သီးနှံများ ကုန်စည်တင်/ပို့နိုင်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကုန်စည် တင်ပို့မည့်မော်တော်ယာဉ်များအား စနစ်တကျစိစစ်ဆောင်ရွက်သွားရေး၊ ဒေသခံလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့် အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေး၊ ကြိုတင်ပြင်ဆင်ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်ကြရေး၊ နိုင်ငံတော်အခွန်ငွေ အပြည့်အဝရရှိရေးတို့အတွက် အားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုက်တွန်းမှာကြားခဲ့သည်။

နှစ်နိုင်ငံ ကုန်စည် စီးဆင်းရာတွင် သီးနှံတင်ပို့မှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ခဲ့မှုများ၊ မော်‌တော်ယာဉ်များ တစ်နေရာထဲတွင် စနစ်တကျ စိစစ်နိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအမံများနှင့် တစ်သျှူး ငှက်ပျောအပြင် တခြားသီးနှံထုတ်ကုန်များကို နယ်စပ်ဂိတ်များ တစ်ဆင့် တင်/ပို့ဆောင်ရွက်ရာတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ယာဉ်မောင်း/ယာဉ်နောက်လိုက်များ ကို စစ်ဆေးဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ယခင်နှစ်များမှ တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြကြပြီး နှစ်နိုင်ငံညှိနှိင်းပေါင်းစပ်ပေးရမည့်ကိစ္စရပ်များကိုလည်း ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း၊ ပြည်နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း၊ ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/03/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%94%e1%80%be%e1%80%b6%e1%80%90%e1%80%84%e1%80%ba%e1%80%99%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 3, 2022 10:34 下午
下一篇 9月 6, 2022 10:28 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....