မြန်မာ-ရုရှားနစာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေး အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုးရောင်းချမည်

မြန်မာ-ရုရှားနစာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်၌ ရုရှားနိုင်ငံတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေ တည်တံ့ရေး ဖိုရမ်အတွက် မြန်မာ – ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေး အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုး ထုတ်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ-ရုရှားနစာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်မြန်မာ-ရုရှားနစာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

အဆိုပါတံဆိပ်သစ်များအား စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတိုတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ဝယ်ယူသော စာပိုတံဆိပ် ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/03/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%9b%e1%80%af%e1%80%9b%e1%80%be%e1%80%ac%e1%80%b8%e1%80%94%e1%80%85%e1%80%ac%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%b6%e1%80%86/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 3, 2022 10:34 下午
下一篇 9月 3, 2022 10:35 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....