စက်တင်ဘာလ (၁) ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၄) ဦး တွေ့ရှိ

စက်တင်ဘာလ (၁) ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၄) ဦး တွေ့ရှိ

စက်တင်ဘာလ (၁) ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၄) ဦး တွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနအနေ၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ (၃၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ စက်တင်ဘာလ (၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၄၃၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၄) ဦး တွေ့ရှိရကြောင်း သိရသည်။

ထိုကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၁၁) ရာခိုင်နှုန်း ရှိပြီး ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၄) ဦးအနက် (၆) ဦး၊ (၆.၄) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၈၈) ဦး၊ (၉၃.၆) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများ ဖြစ်သည်။

ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၅,၃၁၅) ဦး ရှိပြီ ဖြစ်ပြီး ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၃၇) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၃,၆၅၂) ဦး၊ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ (၁) ဦး ရှိရာ ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၉) ဦး ရှိပြီဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချိုတွင် ဖြစ်ပွားမှု များပြားလျက် ရှိပြီး မိမိတိုနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်းကူးစက်ခံရသူများတွင် တွေ့ရှိနေရပြီး ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းအစုလိုက် ကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသဖြင့် ရောဂါကူးစက်ပြန့်ပွားမှုများအား လျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား လိုက်နာရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/03/%e1%80%85%e1%80%80%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%98%e1%80%ac%e1%80%9c-%e1%81%81-%e1%80%9b%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-covid-19/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 3, 2022 10:31 下午
下一篇 9月 3, 2022 10:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....