စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုး ထုတ်ပြန်

စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုး ထုတ်ပြန်

စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုး ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက သြဂုတ် ၃၀ ရက်နေ့တွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုးအား အများပြည်သူသိရှိရန် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ ဖော်ပြပါ အစားအသာက်များ၌ ကျန်းမာရေးကို ထိခိုက်စေသော ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ ပါဝင်မှုနှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။

အဆိုပါစားသောက်ကုန်များအား ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်၍ ဖော်ပြပါ စားသောက်ကုန် ၃၉ မျိုးအား နောက်ထပ်ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် FDA Myanmar က အသိပေးထားသည်။

ထို့အတူ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်ကိုလည်း ညွှန်ကြားထားသည်။

စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုး ထုတ်ပြန်စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုး ထုတ်ပြန်စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုး ထုတ်ပြန်စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုး ထုတ်ပြန်စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုး ထုတ်ပြန်စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုး ထုတ်ပြန်

ထိုသို့ ညွှန်ကြားမှုများအား လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရအရေးယူမည်ဟု FDA Myanmar ကအသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/03/%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%94%e1%80%ba%e1%80%99%e1%80%9e%e1%80%84%e1%80%ba%e1%80%b7%e1%80%9e%e1%80%8a%e1%80%ba%e1%80%b7-%e1%80%85%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 3, 2022 10:33 下午
下一篇 9月 3, 2022 10:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....