တရုတ်-မြန်မာ ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး တွေ့ဆုံဆွေးနွေး

တရုတ်-မြန်မာ ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး တွေ့ဆုံဆွေးနွေး

တရုတ်-မြန်မာ ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတိုနှင့် စပ်လျဉ်းပြီး စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တယ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း(နေပြည်တော်) မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး ညွှန်ကြားရေးမှူး Mr. Li Qigui တို့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို တွေ့ဆုံစဉ် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်များ ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သင်တန်းများ ပူပေါင်းဖွင့်လှစ်ရေး၊ ယူနန်ပြည်နယ်မန်စီမှ မန္တလေးနှင့် ရန်ကုန်သို့ ပျံသန်းခဲ့သည့် စင်းလုံးငှား လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်နိုင်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ဘာသာစကား သင်တန်းများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ပခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးတက်ဝင်ရောက်လာရေးအတွက် ခရီးသွားဈေးကွက် ပိုမိုရရှိရန် ကြိုးပမ်းအကောင်အထည်ဖော်ရာတွင် တရုတ်ခရီးသွား ဈေးကွက်သည် ကမ္ဘာ့ Outbound ခရီးသွားဈေးကွက်၏ မောင်းနှင်အားတစ်ခုအဖြစ် ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ခရီးသွား (၁၅၅) သန်းခန့် ကမ္ဘာနှင့်အဝန်း ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်မှု အများဆုံး အနေအထားတွင် ရှိခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် (၁ ဒသမ ၄) သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သတင်းရ သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/06/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9c%e1%80%ac%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 3, 2022 10:35 下午
下一篇 9月 6, 2022 10:28 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....