နစကဥက္ကဋ္ဌ စီးပွားရေးဖိုရမ်တက်ရန်ရုရှားရောက်

နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိ

နစကဥက္ကဋ္ဌ စီးပွားရေးဖိုရမ်တက်ရန်ရုရှားရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့၌ စက်တင်ဘာ ၅ ရက် မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည့် (၇) ကြိမ် မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြောင်း သိရသည်။

ခရီးစဉ်အတွင်း (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်သည်။

နစကဥက္ကဋ္ဌ စီးပွားရေးဖိုရမ်တက်ရန်ရုရှားရောက်နစကဥက္ကဋ္ဌ စီးပွားရေးဖိုရမ်တက်ရန်ရုရှားရောက်

ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/06/%e1%80%94%e1%80%85%e1%80%80%e1%80%a5%e1%80%80%e1%80%b9%e1%80%80%e1%80%8b%e1%80%b9%e1%80%8c-%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%96%e1%80%ad/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 6, 2022 10:28 下午
下一篇 9月 6, 2022 10:30 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....