မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂ဒသမ၂၇ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂ဒသမ၂၇ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂ဒသမ၂၇ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်း- မြစ်ကြီးနားသွားကားလမ်း၊ နန့်ပုတ်ကျေးရွာအနီးတွင် သြဂုတ်လ ၂၅ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သွားသည့် ၆ဘီးမော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၂ဒသမ၂၇ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မိုးညှင်းမြို့နယ်၊ မိုးညှင်း- မြစ်ကြီးနားသွား ကားလမ်း၊ နန့်ပုတ်ကျေးရွာအနီးတွင် စည်သူထွန်း မောင်းနှင်ပြီး ယာဉ်ပိုင်ရှင် ဝင်းမြင့်ဦး လိုက်ပါလာသော ISUZU အမျိုးအစား ၆ ဘီးမော်တော် ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်နောက်ခန်းရှိ စက္ကူဂျပ်ဖာများအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၃၃ ကီလို၊ ဘိန်းဖြူ ၂၄ ဒသမ ၄၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူများဖြစ်သည့် ယာဉ်ပိုင်ရှင်ဝင်းမြင့်ဦးနှင့် ယာဉ်မောင်းစည်သူထွန်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/06/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%8a%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 6, 2022 10:28 下午
下一篇 9月 6, 2022 10:29 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....