မြေဆီစျေးအဆမတန်မြင့်လာပြီး အပြည့်အဝမသုံးနိုင်ခြင်းကြောင့် ခွံစိမ်းငှက်ပျော အထွက်နည်း

မြေဆီစျေးအဆမတန်မြင့်လာပြီး အပြည့်အဝမသုံးနိုင်ခြင်းကြောင့် ခွံစိမ်းငှက်ပျော အထွက်နည်း

မြေဆီစျေးအဆမတန်မြင့်လာပြီး အပြည့်အဝမသုံးနိုင်ခြင်းကြောင့် ခွံစိမ်းငှက်ပျော အထွက်နည်း

စက်သုံးဆီစျေးနှင့် မြေဆီစျေးအဆမတန်မြင့်တက်လျက်ရှိပြီး အပြည့်အဝအသုံးချနိုင်ခြင်း မရှိသောကြောင့် ခွံစိမ်းငှက်ပျော အထွက်နည်းကြောင်း မုံရွာမြို့ ပြည်ထောင်စုလမ်းမှ ငှက်ပျောရောင်းသူ မမာဆွေ ထံကသိရသည်။

“ငှက်ပျောသီးထွက်ကပါးတယ်။ ရေနံစျေး မြေဆီစျေး တန်တဲ့အတွက် အထွက်ပါးတယ်။ မြေဆီတစ်လုံး တစ်သိန်းကျော်ဆိုတော့ ခြံရှင်တွေက မသုံးနိုင်ကြဘူး။ ရေနံက စျေးတန်တော့ စက်မောင်းပြီး ရေမပေးနိုင်ကြဘူး။ မိုးကောင်းမှသာ ရေပေးနိုင်မှာဆိုတော့ အသီးပါးတယ်။ စျေးကွက်က အရောင်းအဝယ်ပါးပါတယ်။ ကုန်စျေးနှုန်းမြင့်တာရော၊ စက်သုံးဆီစျေးမြင့်တာရောကြောင့် ပါးတာပါ” ဟု မမာဆွေ ကပြောသည်။

မြေဆီစျေးအဆမတန်မြင့်လာပြီး အပြည့်အဝမသုံးနိုင်ခြင်းကြောင့် ခွံစိမ်းငှက်ပျော အထွက်နည်း

မုံရွာငှက်ပျောစျေးကွက်တွင် ခွံစိမ်းငှက်ပျောတစ်ဖီး ကျပ် ၅၀၀ မှ ၁၀၀၀ စသဖြင့် အစားစားရောင်းနေကြပြီး မုံရွာ-အရာတော်-ရွှေဘိုလမ်းပေါ်ရှိ ဝက်လက်နယ် ရွှေပန်းကုံးရွာထွက် ငှက်ပျောများကို စျေးကွက်တွင် ရောင်းဝယ်နေကြခြင်းဖြစ်သည်။

မုံရွာစျေးကွက်တွင် ခွံစိမ်းငှက်ပျောထက် ဖီးကြမ်းငှက်ပျောက ပိုမိုရောင်းပန်းသာပြီး လက်ရှိငှက်ပျောခြံများတွင် မိုးရာသီအထွက် မြိုင်ရမည်ဖြစ်သော်လည်း မိုးနည်းသည့်အတွက် ထွက်သည့်ငှက်ပျောမှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/06/%e1%80%99%e1%80%bc%e1%80%b1%e1%80%86%e1%80%ae%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%a1%e1%80%86%e1%80%99%e1%80%90%e1%80%94%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 6, 2022 10:29 下午
下一篇 9月 9, 2022 9:48 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....