မုံရွာဆိုင်ကယ်စျေးကွက်တွင်ဈေးနှစ်ဆခန့်တက်

မုံရွာဆိုင်ကယ်စျေးကွက်တွင် ဈေးနှစ်ဆခန့်တက်သွားပြီး ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် ရောင်းဝယ်နေ

မုံရွာဆိုင်ကယ်စျေးကွက်တွင်ဈေးနှစ်ဆခန့်တက်

မုံရွာဆိုင်ကယ်စျေးကွက်သို့ ဆိုင်ကယ်အသစ် ဝင်ရောက်ခြင်းမရှိသည့်အတွက် ဆိုင်ကယ်အဟောင်းများကို ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့်သာ ရောင်းဝယ်နေကြပြီး ဈေးနှုန်းမှာ ယခင်ထက် နှစ်ဆခန့်တက်သွားကြောင်း မုံရွာမြို့ဆိုင်ကယ်ဝယ်ရောင်းလုပ်သူ ကိုချက်ဖောင်း ထံမှသိရသည်။

မုံရွာဆိုင်ကယ်စျေးကွက်တွင်ဈေးနှစ်ဆခန့်တက်

“လက်ရှိက ကြိုက်ရောင်းကြိုက်ဝယ်ပါ။ အသစ်မဝင်တော့ မြန်မာပြည်ထဲရှိတဲ့အဟောင်းတွေပဲ လည်ပြီးဝယ်ရောင်းနေကြရတာပါ။ ဝယ်လိုအားရှိတဲ့အပေါ်မူတည်ပြီး စျေးကွက်အပြောင်းအလဲ ရှိတာပေါ့။ လောလောဆယ်တော့ တက်စျေးနဲ့ဝယ် တက်စျေးနဲ့ရောင်းနေကြရတာပါ။ အရင် ၁၀သိန်းတန်က အခု သိန်း၂၀ပေးနေရတယ်။ ၂ဆတက်သွားတာပေါ့။ ဝယ်လက်က သူတို့လိုအပ်တဲ့အပေါ်မူတည်ပြီး ဝယ်ကြတယ်။ အသစ်မရှိတော့ အသစ်နီးနီးကောင်းတဲ့ ဘီးမျိုးရှာဝယ်တယ်။ ငွေမလိုက်နိုင်တဲ့သူကလည်း အောက်ဘီးကို ရှာဝယ်ကြတယ်။ အသုံးအတွက် လိုအပ်ကြတာဆိုတော့ ဝယ်ကြတယ်”ဟု ကိုချက်ဖောင်း ကပြောသည်။

လက်ရှိဆိုင်ကယ်စျေးကွက်တွင် အဟောင်းများကို ဆေးပိုင်းကျကျနနပြန်ပြင်ကာ တာယာကအစ ၅၀ရာခိုင်နှုန်းအထက် ၇၀ရာခိုင်နှုန်း ၁၀၀ ရာခိုင်နှုန်းထည့်ပြီးမှ အရောင်းအဝယ်လုပ်နေကြကြောင်း သိရသည်။

“ဆိုင်ကယ်အသစ်မဝင်တဲ့အတွက် အဟောင်းကိုဝယ် ပြန်ကောင်းအောင်လုပ်ပြီး ရောင်းနေပါတယ်။ အရင်နဲ့အခုက သိသိသာသာ အရောင်းပိုင်းကွာသွားတယ်။ အရင်က တစ်ရက်ကို ၈စီးက ၁၀စီးလောက် ရောင်းရတာကနေ အခုတစ်စီးနှစ်စီးရောင်းရဖို့ မလွယ်တော့ဘူး။ အရင်က ၄စီး၅စီးရောင်းရတဲ့ဆိုင်က စျေးဦးပေါက်ဖို့ မလွယ်တော့ဘူး။ ၅ဆ ၇ဆလောက် ကွာသွားမှာပေါ့။ လက်ရှိမြို့ပေါ်ကပဲ လာဝယ်ကြတာပါ။ ၁၀ယောက် ၁ယောက်လောက်ပဲ နယ်ကတက်ဝယ်နေတာပါ။ ငွေနဲ့ချိန်ပြီး အဆင်ပြေမယ့် ဆိုင်ကယ်အမျိုးအစားကို ရွေးဝယ်ကြရတာပေါ့”ဟု ဆိုင်ကယ်ဟောင်းပြုပြင်ရောင်းသူ ကိုဇင် ကပြောသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/09/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%80%e1%80%9a%e1%80%ba%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 9, 2022 9:50 下午
下一篇 9月 9, 2022 9:52 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....